1

673 40 1
                                    

ဂင်ဂျွန်ဂယူမနက်မိုးလင်းပြီဆိုတာနဲ့ လုပ်ရမယ့်အလုပ်ကကျောင်းသွားဖို့ပါ။ ကျောင်းသွားဖို့ ကိုယ့်ဝေယာဝစ္စကိုလုပ်ရသည့်အပြင် ဘယ်သူကသတ်မှတ်ပေးထားမှန်းမသိတဲ့ ဝတ္တရားတစ်ခုကလဲ မနက်စဉ်မပြတ်လုပ်ရသည်။ ဒါပေမယ့်သူကျေနပ်နေမိ၏။

ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သူငယ်ချင်း ဟာရူတိုအတွက် ထမင်းချိုင့်ပိုထည့်ရတာသူ့အလုပ်ပင်။ ဟာရူတိုကသူ့ထက်လပိုင်းငယ်သည်။ သို့ပေမယ့် မသိရင် ဟာရူတိုကသူ့ထက်တစ်နှစ်လောက်ကြီးတယ်လို့ထင်ရ၏။သူကတော့လူကောင်သေးသေးပါးဖောင်းဖောင်းလေးနဲ့ဖြစ်ပြီး ကောင်မလေးတွေဆီက စိတ်ဝင်စားမှုလဲ မရပေ။ ဟာရူတိုက‌ တော့ကျောင်းမှာ ပေါ်ပြူလာဖြစ်နေသူဖြစ်ပြီး အမြဲသူနဲ့သာ တတွဲတွဲလုပ်တာကြောင့်လဲ ဂျွန်ဂယူ မသိမသာလေး ကြိတ်ပြီးကျေနပ်ရ၏။

ဟာရူတိုကိုကျောပိုးအိတ်လေးကို တစ်စောင်းလွယ်ကာ ပီ‌ကေလေး တစ်ဖောက်ဖောက်နဲ့ အမြဲ စမက်ကျတွေ့ရပေမယ့် ဂျွန်ဂရူကတော့ စာအုပ်တွေပြည့်နေသည့် လွယ်အိတ်ကြီးနှင့် လက်ထဲမှာထမင်းချိုင့်အိတ် ဖောင်းဖောင်းတစ်လုံးဖြင့် သာအမြဲတွေ့ရသည်။ဟာရူတို စတိုင်ကျကျဖြစ်နေစေဖို့ စာအုပ်တစ်ဝက်ကို သူကအလေးခံပြီးသယ်ပေးတာဖြစ်သည်။ ဒါတွေအားလုံးကလဲ ဟာရူတိုတောင်းဆိုခဲ့တာမဟုတ်ပဲ သူပဲအစပျိုးခဲ့တာဖြစ်သည်။

ဒါပေမယ့်ကိစ္စမရှိပါဘူး ဟာရူတိုက စက်ဘီးနောက်မှာသူ့ကို နေ့တိုင်းတင်နင်းသွားတယ်လေ။

“ဟာရူတို”

“ရောက်ပြီလား။ ငါစောင့်နေတာတော်တော်ကြာပြီ”

“ငါ‌ဒီနေ့ အရသာရှိမယ့်ဟာတစ်ခုထပ်လုပ်နေလို့”

ဂျွန်ဂယူက တတ်ကြွစွာချစ်စဖွယ်ပြောလာပြီး ဟာရူတိုမျက်လုံးလေးတွေက အစားသောက်ကြောင့်အရောင်လက်သွားသည်။ ဂျွန်ဂယူကသူ့အကြိုက်တွေအကုန်သိသည်။ သူလုပ်ပေးသမျှဘာမဆို ဟာရူတိုနှစ်သက်သည်။

ဟာရူတိုက စက်ဘီးခြင်းထဲကို ထမင်းဘူးအိတ်လေးထည့်ပြီး စက်ဘီးပေါ်တတ်လိုက်ရာ ဂျွန်ဂယူကလဲ အလိုက်သင့်လေးအနောက်မှထိုင်လိုက်သည်။

Dear Friend ||Completed||Onde as histórias ganham vida. Descobre agora