ကျောင်းပိတ်ရက်ရှည်လေးတောင်ပြီးသွားခဲ့ပေမယ့် ဂျွန်ဂယူအတွက်ပျော်ရွှင်စရာအမှတ်တရလေးမကျန်ခဲ့ပေ။ ဒါကြောင့်ဒီနေ့မနက်ကျောင်းပြန်တတ်ရမည့်နေမှာကျောင်းတတ်ရန် သူလေးပင်စွာပင်ပြင်ဆင်နေမိ၏။ ဘယ်လောက်ပဲစိတ်မပါသည်ဖြစ်စေ ဟာရူတိုအတွက် ထမင်းအပိုကတော့ သူထည့်စမြဲ။
သူကကုန်းမြင့်လမ်းလေးအတိုင်းလေးပင်စွာဆင်းလာရင်း ဟာရူတိုကသူ့အားစောင့်နေတာကိုတွေ့လိုက်ရသည်။သူဘယ်လောက်စိတ်ညစ်နေပါစေ ဟာရူတိုကိုမြင်ရင်တော့ သူ့နှုတ်ခမ်းလေးကကွေးတတ်သွားလေ၏။
“ဂျွန်ဂယူ မမယူရီတောင်ပြန်သွားပြီ။မင်းနေမကောင်းတာကြာလိုက်တာ”
“အင်း...ငါအားမရှိသလိုဖြစ်နေတယ်”
“အင်း ငါသိတယ်။မင်းက မကြာခဏသွေးအားနည်းတတ်တယ်။အဲ့တာကြောင့် ငါမင်းအတွက်နွားနို့နဲ့ ထောပတ်ကိတ်ယူလာတယ်။မနက်စာကိုအားရှိအောင်စားမှဖြစ်မှာ။မမကလဲမင်းအတွက် အားဆေးတွေဝယ်ပေးသွားတယ်”
ဂျွန်ဂယူ အားနာစိတ်ဖြစ်မိသွားသည်။သူတစ်ယောက်တည်း J ဝင်ပြီး သေးသိမ်နေခဲ့တာပဲ။
“ငါတောင်းပန်ပါတယ်။ဟာရူတို”
“ဘာလို့လဲ”
“ဘာဖြစ်ဖြစ် မမယူရီကိုလိုက်ပို့ရမှာ”
“ကိစ္စမရှိပါဘူး သူကမင်းကိုစိတ်ပူနေတာ”
ဂျွန်ဂယူ ဟာရူတို၏စင်ဘီးအနောက်မှာတတ်ထိုင်လိုက်သည်။ပြီးနောက် ဟာရူတို၏ကျောလေးကိုသူ့ခေါင်းက ခပ်ဖွဖွမှီလိုက်၏။ဟာရူတိုက စက်ဘီးကိုတစ်လှိမ့်ခြင်းဖြေးညင်းစွာအရှိန်လျှော့လျှက်..
“မင်းအဆင်ပြေသလိုနေလို့ရတယ်။”
သူ့အားလုံးဝမှီချလိုက်ဖို့ကို ဟာရူတိုကပြောနေခြင်းဖြစ်သည်။ဟာရူတိုက ရိုးရိုးသားသားပြောနေပေမယ့်သူ့စိတ်တွေကမရိုးသားခဲ့ဘူး။ဟာရူတို၏ကျောလေးပေါ်မှာခေါင်းကိုမှီရင်း ရင်ခုန်သံတွေမြန်နေခဲ့တဲ့ကိုယ့်ကိုကိုယ်မလုံမလဲ ရှက်ရွံ့မိ၏။
ဂျွန်ဂယူဟာ သူ့ကျောလေးကိုမှီကာ လမ်းတစ်လျှောက် cosmos ပန်းခင်ကြီးကိုခပ်ဆွေးဆွေးကြည့်ရင်း ...