part-7

228 36 3
                                    

November လဟာမနက်ရောညရောနှင်းတွေနှင့် ထူထပ်နေပြီး အေးစင်လွန်းလှပါသည်။ ဟာရူတို၏အဆောင်ခန်းလေးက တစ်ယောက်တည်းသီးသန့်အခန်းလေးဖြစ်၏။ဂျွန်ဂယူနဲ့ကလွဲပြီးတခြားသူများနှင့်အတူနေဖို့သူ့အတွက်အဆင်မပြေလှပါ။ ဂျွန်ဂယူကသာ သူမကြိုက်တာ၊ကြိုက်တာတွေကို သိပြီးအလိုက်သင့် နေထိုင်ပေးသူဖြစ်တာကြောင့်ပင်။ သူကျောင်းစတတ်တော့အခြား အခန်းဖေါ်နှင့်နေကြည့်ပါသည်။ အမှန်‌တိုင်းပြောရရင်တော့ ဂျွန်ဂယူနေရာမှာများအစားထိုးရနိုင်မလားပေါ့လေ။ ဒါပေမယ့်အဆင်မပြေခဲ့ပါဘူး။ နောက်လကြရင်မမ ယူရီကို propose လုပ်မယ်လို့စီစဉ်ထားပေမယ့် ဘယ်လိုချစ်ခွင့်ပန်ရမလဲစဉ်းစားရမယ့်အစား ဂျွန်ဂယူအကြောင်းကိုပဲ တွေးမိနေ၏။

“ဂျွန်ဂယူရား ငါမင်းကိုတစ်ကယ်သတိရတယ်။မင်းငါနဲ့အတူကျောင်းတတ်လို့ရနေတာကို ဘာလို့ရုတ်တရက်ကြီး K pop ကြိုက်သွာစတာလဲ။ငါထင်တာ မင်းလဲငါ့လိုသဘ်ောသားလုပ်မယ်ထင်နေတာ”

ဟာရူတိုထိုသို့ ရေရွတ်နေရင်းမှတစ်ခုခုသတိရသွားဟန်ဖြင့် ထထိုင်လိုက်ပြီး..

“မေ့တော့မလို့ 8 နာရီဂျွန်ဂယူရဲ့ တိုက်ရိုက်Live Interview ရှိတယ်”

ဂျွန်ဂယူက ပွဲမှာဧည့်သည်အဖြစ်ပါဝင်တယ်ဆိုပေမယ့် ရုပ်ရည်နှင့်အရည်ချင်းက နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်နေခဲ့သည်။

ဟာရူတို ဖုန်းကနေပဲ Live ကိုဝင်ကြည့်လိုက်တယ် announcer နှစ်ယောက်အာလူးဖုတ်ပြီး အခြားသောအနုပညာရှင်တွေကိုသူစိတ်ရှည်ရှည်စောင့်ကြည့်နေပြီးမှ။ ဂျွန်ဂယူအလှည့်ပေါ်လာ၏။ Video နဲ့ပဲ လှမ်းပြီး အင်တာဗျူးတာဖြစ်တာကြောင့် ဂျွန်ဂယူက မိုးပြာရောင် ဟူဒီလေးနှင့်မိတ်ကပ်မပါသောမျက်နှာလေးက ရှင်းလင်းနေသည်။

“အားလုံးပဲမင်္ဂလာပါ။ကျွန်တော့်နာမည်ဂင်ဂျွန်ဂယူပါ”

“ဟုတ်ကဲ့ တစ်ကယ်ကိုချစ်စရာ‌ လေးနော်”

Announcer ၏စနောက်မှုကြောင့်ဂျွန်ဂယူ ရှက်ပြုံးလေးပြုံးကာခေါင်းငုံ့သွားလေ၏။ဖုန်းမျက်နှာပြင်ကိုကြည့်သည့်ဟာရူတိုမှာလဲ သူ့လက်သည်းကိုကိုက်ကာ သူ့ဘာသာမသိလိုက်ခင်မှာပဲပြုံးမိသွားသည်။

Dear Friend ||Completed||Where stories live. Discover now