ဟာရူတိုနှင့်ဂျွန်ဂယူ ဟာမြေနီလမ်းလေးအဆုံးရောက်တော့ကုန်းမြင့်လမ်းလေးပေါ် စတတ်စဉ်မှာပဲ..
“ဟေး မင်းတို့ပြန်လာပြီလား။ ဘယ်သူပြန်ရောက်နေလဲ အိမ်ကိုလာကြည့်ပါဦး”
အန်တီယုက ဈေးသို့သွားရန်ထွက်လာစဉ်သူတို့နှင့် တန်းတွေ့တာကြောင့်ဝမ်းသာအားရနှုတ်ဆက်ခြင်းဖြစ်သည်။အန်တီယုက သူတို့ရဲ့အိမ်နီးချင်းအဒေါ်ကြီးဖြစ်ပြီး သူဒီလိုပြောပုံက ဘာကိုပြောချင်တာလဲဆိုတာ သူတို့တန်းသိသည်။
“မမ ယူရီပြန်ရောက်နေတာလား”
နှစ်ယောက်သားပြိုင်တူမေးမိလိုက်ကြတာဖြစ်ပြီး အန်တီယုကပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်နဲ့ သူတို့နှစ်ယောက်အပြေးလေး အန်တီယုအိမ်သို့ တတ်သွားလေသည်။
ယူရီက ဂျပန်၊ကိုရီးယား စပ်ကပြားမလေးဖြစ်ပြီး သူတို့နှင့်ငယ်ငယ်တည်းကကြီးပြင်းလာသူဖြစ်သည်။သူတို့ကိုလည်းသံယောဇာဉ်ရှိပြီး အစ်မအရင်းတစ်ယောက်လို စောင့်ရှောက်ကာ အမြဲဦးစားပေး၏။သူတို့ထက် ၅ နှစ်ကြီးသူဖြစ်ပြီး လုပ်ငန်းခွင်အရင်ဝင်ရတာကြောင့် ပိုက်ဆံအရင်ဆုံးရှာနိုင်ကာ အမြဲလိုလို မုန့်များလက်ဆောင်များထည့်ပေးလေ့ရှိသည်။ယခုသူမက Tokyo မှာအလုပ်သွားလုပ်ရင်း ကျောင်းဆက်တတ်နေသူဖြစ်ရာ ပိတ်ရက်တွေမှာလာလည်ခြင်းဖြစ်၏။
“မမ ယူရီ”
သူတို့နှစ်ယောက် အူယားဖားယားဝင်လာတဲ့အခါမှာ ယူရီကအပြုံးလေးနှင့်ကြိုဆိုနေသည်။သူ့အရှေ့မှာလည်း လက်ဆောင်ပစ္စည်းတွေ မုန့်တွေ တစ်ပုံကြီးချထားသည်။ သူတိူ့အရင်ကဆို လက်ဆောင်တွေကိုသာအရင်အာရုံစိုက်ပေမယ့် ယခုမှာတော့ ယူရီကိုအရင်ဆုံးအာရုံစိုက်မိကြသည်။
ယူရီကအရမ်းလှလာသည်။ဖွေးအုနေသည့်အသားလေးပေါ်မှာ နက်မှောင်နေသည့်ဆံနွယ်က ခါးထိလှိုင်းတွန့်ကွေးလေးကွေးကာရှည်လျှားနေသည်။သူမမျက်နှာက မိတ်ကပ်ပါးပါး နှင့်ပန်းဆီရောင်နှုတ်ခမ်းနီလေးတွဲဖက်ဆိုးထားတာ ကြွေရုပ်လေးလိုပင်။
“မမ အရမ်းလှလာတယ်”
ဒါဟာဂျွန်ဂယူဆီမှဖြစ်ပြီး ဟာရူတိုကကြည့်နေရာမှ မျက်နှာလွှဲကာ..