5

194 33 8
                                    

စာသင်နှစ်ကြီးပြီးသွားတော့ ဂျွန်ဂယူလည်း ဆိုလ်းမှာအလုပ်လုပ်နေသည့်အဒေါ်အိမ်မှာသွားနေရင်း ဝင်ခွင့်အတွက်အချိန်ပိုင်းအလုပ်လုပ်ကာ စောင့်ရမည်ဟုဖြစ်လာသည်။အဒေါ်ကကော်ဖီဆိုင်ရဲ့မန်နေဂျာဖြစ်တာကြောင့် ဂျွန်ဂယူအတွက်အချိန်ပိုင်းအလုပ်လေးအလွယ်တကူရနိုင်မှာဖြစ်သည်။ ဆိုလ်းကိုနောက်တစ်ပတ်နေရင်သွားရတော့မှာဖြစ်ပြီး ဒီကြားထဲဟာရူတိုကသူ့ဆီ မိုးလင်းတာနဲ့ရောက်နေလေပြီ။

“ဂျွန်ဂယူယား မင်းတစ်ကယ်ပဲသွားရက်တာလား”

သူ့ရဲ့cool guy ရုပ်ကြီးမှအားမနာချွဲပြောနေသည့် လူကိုကြည့်ပြီး ဂျွန်ဂရူသ‌ဘောကျစွာပြုံးလိုက်သည်။

“မင်းရော အဆောင်နေပြီးကျောင်းတတ်ရတော့မှာမဟုတ်လား။ငါဒီမှာရှိရင်လည်း ငါတို့နေ့တိုင်းတွေ့ရမှာမဟုတ်တော့ဘူး”

“အနည်းဆုံးတစ်ပတ်တစ်ခါတော့တွေ့ရတယ်လေ”

ဟာရူတိုကသူ့ကိုရူးအောင်လုပ်နေတာပဲ။သူကသူငယ်ချင်းကိုမခွဲချင်လို့ပြောနေတာဆိုပေမယ့် မရိုးမသားစိတ်ရှိနေတဲ့သူကအရမ်းခံစားရသည်။သူညတိုင်းငိုတာ ဘယ်သူမှမသိနိုင်ပါ။ မဖြစ်နိုင်တဲ့ဘဝကြီးမှာ သံယောဇာဉ်ကြိုးတွေခိုင်မာလာမှာ မလိုလားဘူး။ဒါကြောင့်သူနဲ့အဝေးဆုံးမှာနေပြီးအဝေးကနေပဲချစ်မယ်။မပိုင်ဆိုင်ရလဲ ငေးကြည့်နေရတာနဲ့တင် ဂျွန်ဂယူအတွက်လုံလောက်ပါတယ်။အနည်းဆုံးတော့တစ်သက်လုံး သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ် ရင်ထဲမှာရှိနေမှာလေ။ဒီလောက်နဲ့ပဲ........

---------

“ဂျွန်ဂယူရား မင်းတစ်နေကုန်ဘယ်တွေပျောက်နေတာလဲ”

ဂျွန်ဂယူကဟာရူတိုကို Comos ပန်းခင်းတွေရိရာလမ်းပေါ်သို့လှမ်းခေါ်လိုက်သည်။သူအရဲစွန့်ပြီး နောက်ဆုံးအနေနဲ့ ဒီတစ်ခုကိုလုပ်သွားချင်သည်။ဟာရူတိုကချက်ချင်းသဘောပေါက်ခဲ့ရင်ဆိုတဲ့အတွေးဟာလဲ သူ့ရင်ထဲကိုဗြောင်းဆန်လှုပ်ရှားစေ၏။

“ဟာရူတိုငါမင်းကိုပေးစရာရှိတယ်”

“.......”

ဟာရူတိုက သူ့အားရပ်ပြီးကြည့်နေစဉ် လက်အနောက်မှာဖွက်ထားသည့်ပန်းလေးတစ်ပွင့်ကိုဂျွန်ဂရူကထုတ်ပေးလိုက်သည်။

Dear Friend ||Completed||Where stories live. Discover now