part-6

204 34 2
                                    

ဂျွန်ဂယူဟာဆိုလ်းကိုရောက်တာနဲ့ ‌အလုပ်ကိစ္စကျောင်းကိစ္စတွေကိုဖိပြီးလုပ်ခဲ့တယ်။ဒါဟာသူ့အတွက်စိတ်သက်သာ ရခြင်းတစ်မျိုးပဲလေ။ သင်တန်းကျောင်းမှာဆိုရင်လဲ သူများထက်ပိုပြီးကြိုးစားလို့ဆရာတွေ စီနီယာတွေရဲ့ ချီးကျူးခြင်းခံရသည်။ ဒါပေမယ့်ဘယ်သူသိနိုင်မှာလဲ ဂျွန်ဂယူရဲ့ ဝါသနာအစစ်မှန်ကအဲ့တာမဟုတ်ဘူးဆိုတာ။

“ဝိုး အရမ်းတော်တယ်။ဂျွန်ဂယူတစ်နှစ်အတွင်းမှာ ဒီလောက်ထိတိုးတတ်တဲ့ သင်တန်းသားတွေ့ဖူးတာပထမဆုံးပဲ”

“ကျေးဇူးတင်ပါတယ်ဆရာ”

“ဒါနဲ့ ဒီအဆိုအက ပညာကိုအရမ်းကိုစိတ်အားထက်သန်တဲ့ပုံပဲနော်။ဒီအတိုင်းဝါသနာပါလို့လား။ထူးထူးခြားခြားခံစားချက်ရှိလို့လား”

“အမှန်က ကျွန်တော်ဟင်းချက်တာကိုဝါသနာပါတာ”

“ဒါဆိုဘယ်လိုဖြစ်လို့”

“ကျွန်တော့်က ကြောက်တတ်တယ်။ပျော့ညံ့တယ်။ကိုယ်မကျေနပ်တဲ့လူတွေနဲ့လဲရန်မဖြစ်ရဲသလို ကိုယ်ချစ်တဲ့သူကိုလဲ ချစ်ကြောင်းမပြောရဲဘူး။”

“အဲ့တော့?”

“အဲ့တော့ ကျေနပ်တာတွေရော။မကျေနပ်တာတွေရော ချစ်ရတဲ့အကြောင်းတွေကိုရော သီချင်းအဖြစ်ဖန်တီးပြီး ကမ္ဘာတစ်ခုလုံးကြားအောင် ဟစ်ကြွေးပလိုက်ချင်တာ”

ဂျွန်ဂရူဟာပြုံးလျှက်အားရပါးရပြောလိုက်သည်။

“အဟား......အားနည်းချက် ကိုခွန်အားအဖြစ်ပြောင်းပြီးအသုံးချနိုင်စွမ်းရှိတဲ့မင်းကတစ်ကယ်တော်တယ်။”

“ဟီး....အဲ့လောက်လဲမဟုတ်ပါဘူးစီနီယာရဲ့”

----------

ဂျွန်ဂယူနဲ့ဟာရူတိုက ညတိုင်းတော့ Video call ပြောဖြစ်ပါသည်။ဂျွန်ဂယူဘက်ကလုံးဝအဆက်သွယ်ဖြတ်ချင်ပေမယ့် မဖြစ်တဲ့ကိစ္စမဟုတ်လား။ဟာရုတိုကတော့ ညတိုင်းသူ့ကိုသတိရကြောင်းတွေပြောနေခဲ့သည်။ဟာရူတိုနဲ့ VC ပြောပြီးတိုင်း သူလေ့ကျင့်မှုကိုပြင်းပြင်းထန်ထန်လုပ်ပြန်၏။

ဒီနေ့တော့ဂျွန်ဂယူက ဝမ်းသာစရာစကားပြောမလို့ ဟာရူတိုကိုအရင်ဆုံးပင် VC ခေါ်လိုက်လေသည်။

Dear Friend ||Completed||Wo Geschichten leben. Entdecke jetzt