part-8

347 57 6
                                    

"Hello မမယူရီ"

"ဟာရူတို ​ပြော​လေ​မောင်​​လေး"

မမယူရီ၏ခပ်​ချွဲချွဲအသံကို ဒီ​နေ့မှသူစိတ်​မရှည်​သလိုခံစား​နေရသည်​။

"မမ အ​ရေးကြီးလို့မြန်​မြန်​​ပြော​ပေးပါ။ comos ပန်း​တွေရဲ့ အဓိပ္ပါယ်​ကဘာလဲ"

"​မောင်​​လေးကပန်း​တွေ ကိုစိတ်​၀င်​စား​နေပြီလား"

"မြန်​မြန်​​ပြောပါမမရာ"

"ပန်း​တွေကအ​ရောင်​ အလိုက်​အဓိပ္ပါယ်​အမျိုးမျိုး ရှိတာပဲ။ အတိုချုံး​ပြောရရင်​​တော့ Comos ပန်း​လေး​တွေကချစ်​ခွင့်​ပန်​တဲ့အခါအသုံးများတယ်​တဲ့"

မမယူရီစကားဆုံးတာနဲ့ဟာရူတိုဖုန်းချသွား​လေသည်​။

*ဟာရူတိုက ချစ်​ခွင့်​ပန်​​တော့မလို့လား*

ယူရီကပြုံးလျှက်​ ဖုန်း​လေးကိုပိတ်​လိုက်​သည်​။ ချစ်​ခွင့်​ပန်​မည့်​သူက သူမအပြင်​ဘယ်​သူရှိ​သေးလို့လဲ။

----

ဂျွန်​ဂယူ သည်​ဒီကြားထဲဟာရူတိုနှင့်​လုံးဝအဆက်​သွယ်​မလုပ်​ဖြစ်​​တော့​ပေ။ပွဲအတွက်​သာ အာရုံစိုက်​​လေ့ကျင့်​​နေရင်း ယခုဆို ပွဲရက်​ပင်​​ရောက်​ရှိ​နေ​လေပြီ။ သူ့ကိုအစစအရာရာ အ​ဒေါ်ဖြစ်​သူက ကူညီပံ့ပိုး​ပေးရာ ခုလည်း ပွဲအထိကို လို​လေ​သေးမရှိ ဂရုစိုက်​​လေ၏။

"ဂျွန်​ဂယူ​လေး ဖိုက်​တင်း..စိတ်​မလှုပ်​ရှားနဲ့။ရေ​သောက်​လိုက်​။"

"ဟုတ်​ ဒါမယ့်​ နဲနဲ​တော့ရင်​တုန်​တယ်​ဗျ ဟီး"

အ​ဒေါ်ဖြစ်​သူက တဖွဖွအား​ပေးရင်း ဂျွန်​ဂယူ စင်​​ပေါ်သို့တတ်​ရန်​အလှည့်​ကျလာ၏။
သူစင်​​ပေါ်သို့တတ်​လိုက်​သည်​နှင့်​ အား​ပေးသံ​တွေ​ကြောင့်​ ​ကြောက်​စိတ်​​တွေ​ပျောက်​ပြီး သံစဉ်​​တွေနှင့်​စီး​မျောလျှက်​ ​အောင်​မြင်​စွာ​ဖျော်​​ဖြေနိုင်​ခဲ့​လေသည်​။ ပထမဆုံး ဧည့်​သည်​အဆို​တော်​အဖြစ်​နဲ့​တောင်​ ခု​​လောက်​အား​ပေးမှုရတာ​ကြောင့်​ မျက်​ရည်​ကျမတတ်​ ၀မ်းသာရ​လေ၏​။

ဂျွန်​ဂယူစင်​​ပေါ်ကဆင်းလာ​တော့အ​ဒေါ်ဖြစ်​သူက အနား​ရောက်​လာပြီး နားနား​လေးကိုကပ်​ကာ...

You've reached the end of published parts.

⏰ Last updated: Oct 16, 2022 ⏰

Add this story to your Library to get notified about new parts!

Dear Friend ||Completed||Where stories live. Discover now