အပိုင်း(29 )Un Zaw

2.7K 275 22
                                    

" အမ ငါကိုလှတာလေးတွေရွေးပေးနော်

စလေမှာလိုအပ်တာတွေသွားဝယ်မလို့ နင်ရောဘာဝယ်စရာရှိလဲ တစ်ခါထဲ မှာလိုက်ဆိုတာကို သူရောလိုက်မှဆိုပြီး ချောက်ထိဈေးဝယ်လိုက်လာတဲ့ အလိမ္မာတုံးမောင်လေး စလေမှာဝယ်မယ်ဆိုတာကိုမဟုတ်ရဘူး

ချောက်ထိသွားမှာဇွတ်ပြောနေတဲ့သူသဘောအတိုင်းလိုက်ရောပေးလိုက်ရတယ် အမတစ်ယောက်ထဲမလို့ ဈေးဝယ်လိုက်ခဲ့ပါလားခေါ်ရင်တောင်မလိုက်တဲ့မောင်ဖြစ်သူကအခုတော့ ချောက်မြို့ရဲ့ အဝတ်အစားဆိုင်တွေ ပတ်မွှေနေတာ သူကြိုက်တဲ့ဟာကိုမတွေ့‌သေးဘူး

" အမ ဟိုကောင်နှစ်ကောင်အတွက် အမရွေးပေးလိုက်နော်

"ဟဲ့ နင်သူငယ်ချင်းတွေဟာနင်ဘာသာရွေးဝယ်ပေးလိုက်လေ ငါကသူတို့ဘာကြိုက်မှန်းမသိတာ

တကယ်ပါ ဒီမောင်တစ်ယောက်နဲ့ ခက်တယ် သူငယ်ချင်းတွေအတွက်ဝယ်မဲ့ဟာပါ ဒီလူကိုခိုင်းနေတယ် နေကမြင့်နေပြီ အခုထိအိမ်အတွက်လိုအပ်တာတွေမဝယ်ရသေးဘူး သူအတွက်အရင်လိုက်ဝယ်ပေးနေရတယ်

" သူတို့ဖွားဖက်တော်လုံရင်ပြီးရောအမရာ ကောင်းမယ်ထင်တဲ့ဟာသာရွေးဝယ်ခဲ့လိုက်

"ဟယ်

"ငါဟိုဘက်ဈေးတန်းဘက်သွားအုံးမယ်အမဝယ်ပြီးရင် ကားနားကနေစောင့်နေ

တော်တော်ချစ်စရာကောင်းတဲ့မောင်ပါလား ဝယ်စ္စည်းတွေ ကူသယ်ပေးမယ်မရှိဘူး သူလိုချင်တာဘဲလိုက်ရှာနေတယ်

___&&&___&&&____&&&

"မတည့်တာတွေစားပြန်ပြီးလား ကာရန်

" ကလေးလဲမဟုတ်ဘဲနဲ့ဘာလို့ ခဏခဏမှာနေပြောနေရတာလဲကွာ

နွေဦး ဗိုက်အောင့်လို့ ကိုဟန်ဆီမှာဆေးလာ‌ ‌  ‌ တောင်းတာဖြစ်သည်။ ကိုဟန်ကတော့ ထုံးစံအတိုင်း နွေဦးကို မတည့်တာတွေစားလို့ဖြစ်တယ်ဆိုပြီးဆူပါလေရော

နွေဦးဗိုက်က မတည့်တာတွေစားလို့မဟုတ်ပါ  နွေဦး အသက်ပြည့်ကတည်းက ဗိုက်ကတစ်လတစ်ခါ နာနေကျ ဆေးလေးသောက်လိုက်ရင် ပျောက်တာမလို့ ဆေးရုံတော့မပြဖြစ်

ဒေါင်းWhere stories live. Discover now