အပိုင်း(30)Un Zaw

2.4K 250 22
                                    

"ငါက ညည်းတို့မောင်နှမ နှစ်ယောက် စလေမှာဘဲ ညအိပ်တော့မယ်ထင်လို့ အဝတ်အစားတွေတောင်ဟိုနှစ်ယောက်နဲ့ ပို့ခိုင်းမလို့

မနက်7နာရီလောက်ကတည်းက စလေကိုသွားဈေးဝယ်တဲ့ မောင်နှမ နှစ်ယောက်ဘာတွေများ ဘယ်လောက်ဝယ်နေလို့လဲတော့မပြောတက် 3နာရီထိုးမှအိမ်ပြန်ရောက်တယ်

ရောက်ရောက်ချင်းစကားတောင်မပြောနိုင်ကြဘူး နောက်ဖေးမီးဖိုချောင်ကိုတန်းနေအောင်ဝင်သွားကြတယ် စားသောက်ပြီးလို့ပြန်ထွက်လာတော့လဲ မောလို့
နားပါအုံးမယ်ဆိုပြီး နားနေတာအခု4နာရီလောက်မှ ဘာဖြစ်လာတယ်ဆိုတာမေးရတော့သည်။

အဖေကတော့ စပြီးတော့ မေးခွန်းထုတ်ပါပြီ နှင်းသွေးကတော့ ပင်းပန်းလွန်းလို့ ဘာမှတောင်ပြန်မပြောချင်ပါ နှင်းသွေးမပြောသလို ခွပ်ဒေါင်းကလဲ ဖျာပေါ်မှာလှဲအိပ်နေသည်။

အဖေဖြစ်သူမေးနေတာကို တစ်ယောက်မှအဖက်လုပ်ပြီးမပြောတာမလို့ ဘေးနားက တုတ်ကို ယူပြီး ဖျားပေါ်ကိုရိုက်ချလိုက်မှ နှစ်ကောင်သား ထလာပြီး

"ဘာ ဘာ ဘာဖြစ်တာလဲအဖေ

"ဘာဖြစ်လို့လဲဟင်

"မင်းတို့ငါမေးနေတာနားမပါဘူးလား မင်းတို့ဘာလို့ စလေလေးသွားဈေးဝယ်တာကိုဘာလို့အဲ့လောက်ကြာနေရတာလဲ

"အဖေ့သားပေါ့ ချောက်ထိသွားပြီးဈေးဝယ်နေတာ ဘာတွေဝယ်မှန်းမသိဘူး အကြာကြီးဘဲ။ ပြီးတော့ သမီးအိမ်အတွက်လိုအပ်တဲ့ဟာတွေဝယ်ပြီး ပြန်လာတာ မြင်တာတောင်ကူမသယ်ပေးဘူး

အဖေ့ကိုပြန်တိုင်နေတဲ့ အမကို ခွပ်ဒေါင်းမျက်စောင်းသာထိုးလိုက်တယ်

"ခွပ်ဒေါင်းမာန် မင်းကဘာတွေဝယ်လာတာလဲ ငါကိုပြောစမ်း

"ဘုရားပွဲကျဝတ်ဖို့အဝတ်စား‌ဝယ်နေတာပေါ့

"မဟုတ်ဘူးအဖေ သူဝတ်ဖို့ရောသူငယ်ချင်းတွေ အတွက်ရောသမီးဝယ်ပေးတာရတာရယ်

"အမ !!!

ခွပ်‌ဒေါင်းအော်လိုက်တာတော့ အမက ငါအမှန်ပြောတာဆိုပြီး ‌ခွပ်ဒေါင်းကိုလှောင်သည်

" မင်းမပြောဘူးလား

အဖေကတုတ်ကြီးကိုင်ပြီးတော့ မေးနေတာကြောင့် ခွပ်ဒေါင်းဖြေလိုက်ရသည်။ မဖြေလို့လဲမရဘူးလေ မဖြေရင်ခေါင်းကွဲမှာ

ဒေါင်းWhere stories live. Discover now