1.3K 222 53
                                    

အလယ်တန်းနောက်ဆုံးနှစ်များကတော့ နှစ်ယောက်သား ကျောင်းလစ်ပြီး ဂိမ်းဆိုင်ပြေးတဲ့အရွယ်။ ညဘက်စာကျက်ဝိုင်းရှိသည်ဟု အိမ်ကိုလိမ်လည်ကာ ဂိမ်းဆိုင်မှာပင် ညလုံးပေါက်ခဲ့သော အချိန်များလဲ ရှိခဲ့ပါသေး၏။

"ဟဲ့ ကောင်လေး နောက်ကျနေပြီ။ ပြန်မလာသေးဘူးလား"

"အာ omma။ သား ဆောင်းဟွန်းအိမ်မှာ ညအိပ်မှာ"

"အော် ဟုတ်ပြီ ဟုတ်ပြီ။ ကြိုးစားနော် မေ့သားလေး"

အမေက ဖုန်းဆက်ရင် ထိုသို့အပြန်အလှန်လိမ်လည်ခဲ့တဲ့အခေါက်ပေါင်းပင်များလှပြီမို့...
တစ်ခါလိမ်တိုင်းသာ တစ်လက်မအရပ်ရှည်မယ်ဆို ဂျယ်ယွန်းအရပ် နတ်ပြည်ခြောက်ထပ်ကိုတောင် ကျော်လွန်သွားပေလိမ့်မည်။

ကျောင်းနဲ့တစ်လမ်းကျော် လမ်းထောင့်ဆုံးမှာရှိတဲ့ အဆောက်အဦးမြေအောက်ထပ်ဂိမ်းဆိုင်မှာ ခေါက်ဆွဲတစ်ဘူးကို နှစ်ယောက်အတူတူစားဖြစ်ခဲ့တဲ့ညတွေ ရေတွက်မရနိုင်တော့။ ဘောလုံးပွဲရှိသည့်အခါများတွင်လဲ ထိုဂိမ်းဆိုင်မှာပင် ဘော်ဒါတွေလာဆုံသည်။ နံရံကပ်TV screenအကြီးကြီးကိုကြည့်လို့ အော်ဟစ်အားပေးကြရင်း၊ ညလုံးပေါက် free flowရတဲ့ soft drinkတွေသောက်ရင်း...

"ဟျောင့် ဆောင်းဟွန်း။ ငါခေါင်းတွေအတော်မူးနေပြီ မရတော့ဘူး။ စုပ်လုံးချိုချဉ်ဖြစ်ဖြစ် တစ်ခုခုရှိသေးလား"

"ဒီတစ်ခုပဲကျန်တော့တယ်"

ညလုံးပေါက်မအိပ်ဘဲ ဘောလုံးပွဲထိုင်အားပေးခဲ့သည့်ရလာဒ်က အတန်းထဲအာရုံမစိုက်နိုင်ဘဲ ခေါင်းမူးနေခြင်းပင်။ ဂျယ်ယွန်းက ဆောင်းဟွန်းမျက်နှာကိုမကြည့်ပါဘဲ စားပွဲခုံအောက်က ဆောင်းဟွန်းဘောင်းဘီကို သူ့လက်ချောင်းထိပ်ကလေးတွေနှင့် အသာပွတ်သပ်လို့ ချိုချဉ်ရှိသေးလားမေးလာသည်။ ထိုလက်ချောင်းတွေကပင် တစ်ခုတည်းသောကျန်ရှိနေသည့် ချိုချဉ်၏တုတ်တံကို ဆွဲယူသွားပြီး..

"အေးကွာ။ ဒါဆိုလဲ..."

ဆောင်းဟွန်းပါးစပ်ထဲက စုပ်လုံးချိုချဉ်လေးဟာ စက္ကန့်ပိုင်းအတွင်းမှာပင် ဂျယ်ယွန်းနှုတ်ခမ်းတွေကြား နယ်ပယ်ပြောင်းသွားခဲ့ရှာပြီ။

Always be my maybe [PSH x SJY] Место, где живут истории. Откройте их для себя