1.3K 209 67
                                    

ဂျယ်ယွန်းရဲ့အဆောင်ကုတင်ဘေးဘက်မှာ စားပွဲခုံတစ်လုံးရှိသည်။ ထိုစားပွဲကကြည့်လျှင် မျက်စိနှင့်တန်းတန်းမြင်ရသည့်နေရာတွင် polariodဓာတ်ပုံလေးတွေကို မီးအဖွင့်အပိတ်လုပ်လို့ရသည့်လျှပ်စစ်ကြိုးတန်းမှာ သစ်သားကလစ်လေးတွေနဲ့ ညှပ်ထားတာကိုတန်းမြင်ရသည်။

Polariodလေးတွေက ဂျယ်ယွန်းတို့မိသားစုပုံတစ်ပုံ၊ ဂျယ်ယွန်းအစ်ကိုနဲ့ ညီအစ်ကိုနှစ်ယောက်ထဲသီးသန့်ကတစ်ပုံ၊ ဂျေးအီ ဆောင်းဟွန်းနှင့် ဂျယ်ယွန်း သူငယ်ချင်းသုံးယောက် ပုခုံးပေါ်လက်တင်ကာဖက်ထားကြသည်ကတစ်ပုံ၊ ပြီးရင် ဆောင်းဟွန်းနဲ့ကတစ်ပုံ၊ ပြီးတော့ ဆောင်းဟွန်းနဲ့က နောက်တစ်ပုံ၊ ထပ်ပြီးဆောင်းဟွန်းနဲ့ နောက်ထပ်နောက်တစ်ပုံ။

တိတိကျကျပြောရလျှင် အလယ်တန်းပထမနှစ်ကစလို့ အထက်တန်းဘွဲ့ရသည့်နှစ်အထိ ဆောင်းဟွန်းနဲ့အတူတူရိုက်ခဲ့သော Polariodများက ထိုမီးလင်းတဲ့ကြိုးလေးမှာ တောက်လျှောက်နေရာယူထားသည်။

နောက်ဆုံးရိုက်ခဲ့သည့်Polariodက graduation dayကဖြစ်ပြီး နှစ်ယောက်သားဘွဲ့ဝတ်စုံတူတူဝတ်လို့၊ ဆောင်းဟွန်းမမဝယ်လာပေးတဲ့ပန်းစည်းတွေကို ကိုယ်စီပွေ့ပိုက်ထားကြသည်။

ပုံတစ်ပုံဆိုလျှင် အစ်ကိုနဲ့မမရဲ့သားဦးဖြစ်တဲ့ဂျောင်ဝန်းလေးတောင်ပါလိုက်သေး။ ဆောင်းဟွန်းက မူလတန်းအရွယ်ဂျောင်ဝန်းလေးကို ကျောပိုးလို့ သွားစွယ်လေးတွေပေါ်တဲ့အထိ ပြုံးရယ်နေပြီး ဂျယ်ယွန်းကတော့ ဆောင်းဟွန်းမျက်နှာကို ငုံ့ကြည့်နေသည့်ပုံ။

အခုတော့ ဂျယ်ယွန်းမှာ ငုံ့ကြည့်လိုက်ရင် အဆောင်ကြမ်းပြင်ကိုတွေ့ရပြီး မော့ကြည့်ပြန်သော်အဆောင်မျက်နှာကျက်ကို တွေ့ရသည်။ ဘေးဘက်ကိုကြည့်ပြန်တော့ ပတ်ဂျေးမျက်နှာကြီးမြင်လိုက်ရသည်မို့ လွန်စွာစိတ်ညစ်သွားပါသည်။

ပတ်ဆောင်းဟွန်းဆီက စာမလာ၊အကြောင်းမကြားတာ ၂၄နာရီကို ကျော်လွန်လို့ နာရီ၃၀ထဲသို့ပင် ဝင်ရောက်ခဲ့ပြီ။ ထားပါ၊ ဂျယ်ယွန်းက သူ့ကိုတကယ်မခင်သည့်သူငယ်ချင်းအတွက် ဤမျှပူဆွေးမနေချင်ပါ။ ဒါကြောင့် Toy Storyကြည့်ပြီး အိပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

Always be my maybe [PSH x SJY] Opowieści tętniące życiem. Odkryj je teraz