1.9K 223 61
                                    

T/W⚠️ smoking, clubbing

ဂျယ်ယွန်းကလေးစိတ်ညစ်နေပါသည်။ ရမ်းရမ်းစိတ်ညစ်ရင်လုပ်နေကြအတိုင်း ဝက်ဝံဂျယ်လီလေးတွေထိုင်စားနေတာ ၂ထုပ်တောင် ကုန်သွားပြီဖြစ်၏။ ထပ်ပြောပါမည်။ ဂျယ်ယွန်းကလေး ရမ်းရမ်းစိတ်ညစ်နေပါသည်။ အကြောင်းမှာ ဆောင်းဟွန်းနှင့်သူသည် ဒီလို ဒီလို နှုတ်ခမ်းချင်းထိပြီးသွားတာတောင်၊ ပြွတ်ပြွတ်ဆိုပြီး အာဘွားတွေပေးပြီးသွားတာတောင် ပတ်ဆောင်းဟွန်းသည် သူ့ကို ချစ်တယ် တစ်ခွန်းမပြောသေးပါ။

ဆောင်းဟွန်းဘက်ကမပြောတော့ ဂျယ်ယွန်းကလေးသည်လည်း ကိုယ်တိုင်ပဲစပြောရမလိုလို၊ ချစ်ချစ်ဘက်ကပြောတာပဲ စောင့်ရမလိုလိုနှင့် ထိုနေ့ညနေက လက်သီးလေးဆုပ်ရင်း၊ ခြေချောင်းလေးတွေကွေးနေအောင်ကုပ်ရင်း ဆောင်းဟွန်းရဲ့အနမ်းတွေအောက်စီးမျောပြီးနောက် ရှက်ပြီးထွက်ပြေးလာခဲ့မိသည်။

ထိုမျှမကပါဘဲ အဆောင်ပြန်ရောက်တာနဲ့ ကုတင်ပေါ်တက်လို့ မျက်နှာပါလုံအောင်စောင်ခြုံပြီး အရှက်သည်းနေတုန်း ဖုန်းဝင်လာတဲ့အတွက် ပတ်ဆောင်းဟွန်းဆီကများလားဆိုပြီး လန့်ပြီးလွှင့်ပစ်လိုက်တာ ဝှီးကနဲ ပြတင်းပေါက်မှတဆင့် အဆောင်အပြင်ဘက်ထိ လွင့်သွားသည်။ ဖုန်းကလေး မာကလီးယားသွားပြီးနောက် ဆောင်းဟွန်း သူ့ဆီဖုန်းခေါ်သလား စာပို့သလား ဂျယ်ယွန်းမသိရပါ။

သေချာတာတော့ သူနှင့်ဆောင်းဟွန်းသည် ပြွတ်ပြွတ်ပြီးတာ သုံးရက်တောင်ရှိပြီ။ ထိုသုံးရက်အတွင်း ဆောင်းဟွန်းက သူ့ကျောင်းထဲရောက်မလာ။ သူ့အခန်းထဲပေါ်မလာ။ သူ့ကိုလဲဘာမှလာမပြောသဖြင့် တွေးလိုက်မိရုံလေးနဲ့တင် ဂျယ်ယွန်းကလေး ငိုမဲ့မဲ့ဖြစ်နေရပြီ။

"အော် ရွာပြန်တော့မယ် သားရီးရယ်။ မင်းတို့မြို့မှာက အာဘွားတွေပေးပြီး ရည်းစားကျမဟုတ်ဘူးတဲ့"ဆိုပြီး ပတ်ဂျေးကိုဖက်ပြီးငိုရအောင်လဲ basketball finalပွဲစဉ်တုန်းက မျက်နှာပြောင်ထားတာလေးကရှိနေတော့ မလုပ်ရဲပါ။

ဒီလိုဆိုတော့ ဖုန်းအသစ်ဝယ်ပြီး ချက်ချင်းပဲဖုန်းခေါ်လိုက်ပါလားလို့ပြောလာရင်လဲ အဲလိုမလုပ်ချင်။ ဖုန်းအသစ်ကို ဆောင်းဟွန်းနဲ့အတူတူသွားဝယ်လိုပါသည်။ Face IDမှာ Sunghoonမျက်နှာလေးထည့်ရဦးမည်။ ဖုန်းအသစ်လေးနဲ့ပထမဆုံးရိုက်တဲ့ပုံက ဆောင်းဟွန်းပုံလေးဖြစ်ရဦးမည်။ ဖုန်းအသစ်ဆိုပေမယ့်လည်း ဖုန်းအဟောင်းနဲ့ modelအတူတူကိုသာပြန်ဝယ်ရမည်ဖြစ်၏။ ဘာကြောင့်ဆို သူနဲ့ဆောင်းဟွန်းက ဖုန်းmodelနဲ့အရောင်လေးကအစ ဆင်တူကိုင်တာမို့ပင်။

Always be my maybe [PSH x SJY] Where stories live. Discover now