1.4K 222 27
                                    

ပထမနှစ်အပြီး ထိုcamping siteမှာစခဲ့သည့် "အချစ်"ဆိုသည့် အခေါ်အဝေါ်က တက္ကသိုလ်ဒုတိယနှစ်မှာတော့ အတော်လေးကို တရင်းတနှီးဖြစ်စပြုလာသည်။

စစချင်းတော့ နားထဲကန့်လန့်ဖြစ်ပေမယ့် ဂျယ်ယွန်းကိုယ်တိုင်လဲ ဘာမှပြောချင်စိတ်မရှိ။ ဆောင်းဟွန်းကလဲ အမြဲခေါ်နေတာမဟုတ်ဘဲ သူတစ်ခုခုလိုချင်တာရှိမှသာ "အချစ်ကကွာ"ဆိုပြီး သံရှည်ဆွဲခေါ်လေ့ရှိသဖြင့် ဂျယ်ယွန်းလဲ လွှတ်သာထားလိုက်သည်။

တခါတလေ ညလုံးပေါက်ဂိမ်းဆော့ချင်လျှင် ငယ်ငယ်ကဆော့နေကြ ဂိမ်းဆိုင်ကိုသွားသည်။ အဆောင်ပိတ်ချိန်အမှီမပြန်နိုင်တော့ ဆောင်းဟွန်းအိမ်မှာ လိုက်အိပ်ဖြစ်တာများသည်။ ဆိုတော့... မနက်မိုးလင်း အတန်းအမှီသွားနိုင်ဖို့အတွက် ဂျယ်ယွန်းမှာ အဆောင်ပြန်ချိန်မရှိပါ။ ဆောင်းဟွန်းအဝတ်အစားများကိုသာငှါးဝတ်ရင်း အတန်းတက်ရသည်။

ထိုသို့သောနေ့များတွင် ဆောင်းဟွန်းက သူ့ဆိုင်ကယ်ဖြင့် ဂျယ်ယွန်းအတန်းရှေ့ထိ လိုက်ပို့လေ့ရှိသည်။ ဂျယ်ယွန်းက ဆောင်းဟွန်းhoodieပွပွနှင့် ချောင်ချိနေသောဂျင်းဘောင်းဘီအရှည်ကို ခါးပတ်နှင့်တွဲဝတ်ရင်း၊ အောက်အနားစတွေကို ခေါက်တင်ထားရင်း၊ အတန်းထဲသို့ မြောက်ကြွကြွ ဝင်လာတတ်သည်။

ဒါတင်ပဲလားဆိုတော့ မကပါ။
သူတို့နှစ်ယောက်မှာ ဆင်တူပစ္စည်းတွေ အများကြီးရှိသည်။ ငယ်ငယ်ကတော့ မမက မောင်လေးတွေအတွက်ဆိုပြီး အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်၊ ကျောပိုးအိတ်၊ ကွန်ပါဘူး စတာတွေကို နှစ်ခု နှစ်ခုစီ ဝယ်လာပေးလေ့ရှိသည်။ ထို့အတွက် ဆင်တူပစ္စည်းများသုံးရခြင်းအပေါ် သူတို့ စိတ်ထဲဘယ်လိုမှမဖြစ်ကြ။ ရှင်းရှင်းပြောရလျှင် ဖြစ်ရကောင်းမှန်းတောင်မသိ။

အရွယ်ရောက်လာချိန်မှာတော့ ဒါကနည်းနည်းတော့ထူးဆန်းသလိုပဲလို့ တွေးကောင်းတွေးနိုင်ပေမယ့် အကျင့်ကပါနေပြီမို့ သိပ်ဂရုမစိုက်ဖြစ်တော့။ ဘေးလူအမြင်ကို ဂရုမစိုက်ကြောင်း သက်သေပြချင်၍ ဆင်တူလက်စွပ်ကို နှစ်ယောက်သား လက်သူကြွယ်မှာပင် ဝတ်ထားပါသေးသည်။

"အဲတာ လက်ထပ်လက်စွပ်လား"

"မဟုတ်ဘူး။ buy one get oneရလို့ဝယ်လာတာ"

Always be my maybe [PSH x SJY] Where stories live. Discover now