1.2K 213 22
                                    

အထက်တန်းနောက်ဆုံးနှစ်ရောက်သည့်တိုင် နှစ်ယောက်လုံး တစ်ခါမှ ရည်းစားမထားလိုက်ရ။ ဆောင်းဟွန်းကို ကြောက်စရာကောင်းလွန်းတယ်ဆိုပြီး တိုက်ရိုက် ဘယ်သူမှ ချစ်ကြောင်းကြိုက်ကြောင်းလာမပြော။ ဆိုလိုသည်က ကျောင်းကnotice boardမှာ စာကပ်ပြီးပြောသူကပြောသည်၊ school blogမှာ unknown userအနေနှင့် postတင်သူကတင်သည်၊ ကျောင်းmailboxမှာ စာပို့သူကပို့သည်။

ဒါပေမယ့် ဆောင်းဟွန်းဆီက ဘာတုံ့ပြန်မှုမှမလာ။ ထိုအစား ရှင်းဂျယ်ယွန်းဆီက တုံ့ပြန်မှုတွေကတော့ အတော်ရသည်။ Notice boardမှာ စာကပ်ထားရင် ဂျယ်ယွန်းက ထိုစာရွက်ကို ခွါယူပြီး ဆောင်းဟွန်းဆီ သွားပြကာ ဘာတွေသဘောကျတယ်မသိ၊ တခွိခွိရယ်သည်။ social mediaက love confession letterတွေမှာလဲ ဂျယ်ယွန်းရဲ့အမျိုးမျိုးသောreactionတွေက ထင်းနေပြီး postအောက်မှာ သူတစ်ယောက်ထဲ stickerမျိုးစုံနဲ့ စမန်ထရတာ အားမရလို့ ဆောင်းဟွန်းaccountကိုပါtagတွဲပြီး "ဟ ငါ့ကောင် စွံလှချည်လား"ဆိုတာမျိုးက လုပ်လိုက်သေးသည်။

ရေးထားသည့်captionတွေကိုပဲ တစ်ချက်ကြည့်ပါဦး။ မသိရင် သူ့ရည်းစား စနိုက်ကြောင်ခံရလို့ စိတ်တိုပြီးရွဲ့ရေးသလိုလို၊ ပိုင်ရှင်ရှိကြောင်းပြချင်တာနဲ့ အခုချက်ချင်း ဒါသူ့လူပါဆိုပြီး ဆတ်ဆတ်ထိမခံဖြစ်နေသလိုလို။ ဆိုတော့ ဘယ်မိန်းကလေးက ပတ်ဆောင်းဟွန်းကို ဆက်ကြောင်ရဲပါလိမ့်မလဲ။ အမြင်အာရုံချို့ယွင်းနေသူကသာ ပိတ်ငြင်းပြီး မိုက်ရူးရဲဆန်ဆန် ဆက်ကြိုက်ကောင်းကြိုက်ပေလိမ့်မည်။

သို့သော် ပိတ်ငြင်းနေတာ ဘယ်သူမှမဟုတ်။ ကာယကံရှင်နှစ်ယောက်သာဖြစ်သည်။

"မင်းတို့ဘာတွေလဲ။ ကြိုက်နေကြတာလား"လို့ မေးလိုက်တိုင်း "ရူးနေလို့ ကြိုက်ရမှာလား!"ဆိုသည့် အဖြေကို တစက္ကန့်တောင်မစောင့်ဆိုင်းဘဲ ချက်ချင်းပြန်ပေးသည်။

ဆောင်းဟွန်းနဲ့ယှဉ်လျှင် ဂျယ်ယွန်းကို ပေါ်တင်လိုက်သူတွေ အတော်ပေါသည်။ ထိုထဲတွင် ယောင်္ကျားလေးတွေလဲအပါအဝင်။ ဂျယ်ယွန်းကလဲ ဒီတိုင်းအငြိမ်နေသည်တော့မဟုတ်ပါ။ ပျင်းလိုက်တာဆိုပြီး dateသွားဖို့ကြံတာ ၁၂ခေါက်လောက်ရှိသည်။

Always be my maybe [PSH x SJY] Where stories live. Discover now