1.5K 219 85
                                    

ဆောင်းဟွန်းနဲ့ ဂျယ်ယွန်း မတွေ့ဖြစ်တာ တစ်ပတ်ကြာပြီ။ မတွေ့ဆို နှစ်ယောက်လုံးက ရှောင်နေတာဖြစ်သည်။ အကြွေစေ့ရဲ့ခေါင်းနဲ့ပန်းလိုပူးကပ်နေကြနှစ်ယောက်ကို အတူတွဲမတွေ့ရတော့ လူတွေကမှတ်ချက်ချသည်။

အော်.. ဒီအတွဲရန်ဖြစ်ထားတာထင်တယ်.. ဟူ၍။

ဆောင်းဟွန်းသည် အတန်းထဲမှာ စာသင်နေရပေမယ့် စာထဲနည်းနည်းမှ အာရုံမရောက်ပါ။ လောကရဲ့ဘယ်နေရာကြည့်ကြည့် ပန်းတွေပွင့်နေတယ်လို့ပဲထင်သည်။ ဝတ်ရည်စုပ်ဖို့ ပျံသန်းနေကြသော လိပ်ပြာလေးများကိုပင် တွေ့ရသည်။ ဆရာမကိုကြည့်လိုက်တော့ ဂျယ်ယွန်းမျက်နှာကိုတွေ့လိုက်ရ၍ အတော်လန့်သွားသည်။

မျက်လုံးကိုပွတ်သပ်၍ ထပ်ကြည့်ပြန်တော့ ဂျယ်ယွန်းက သူ့ကိုပြုံးပြနေသည်။ ဆောင်းဟွန်း ဂျယ်ယွန်းဆီသွားဖို့အတွက် မတ်တပ်ထရပ်လိုက်သည်။

"ဆောင်းဟွန်း!! ပတ်ဆောင်းဟွန်း!!!"
ဘေးခုံမှာထိုင်တဲ့သူငယ်ချင်းက ဆောင်းဟွန်းပခုံးကို ခပ်ကြမ်းကြမ်းကိုင်လှုပ်မှ အသိဝင်လာသည်။

"ဆရာမ စာမေးနေတယ်"

"ဟင်"

ကြည့်လိုက်တော့ သူ့ကို ခါးမှာလက်တစ်ဖက်ထောက်ပြီး စိုက်ကြည့်နေတဲ့ဆရာမ။ အခန်းထဲ ပန်းတွေမပွင့်တော့ပါ။ လိပ်ပြာတွေလဲ မရှိတော့ပါ။

"ကိုယ့်ဘာသာစာဖြေမယ်လို့ ထရပ်ပြီး မေးတာလေးဖြေပါဦး။ ကျောင်းသားပတ်ဆောင်းဟွန်းရှီ"

"ဗျာ... အဲ အဲဒါကလေ..."

ဘယ်ဘာသာရပ်သင်နေမှန်းတောင်မသိပါသော ဆောင်းဟွန်းသည် အတန်းထဲမှ ကန်ထုတ်ခံလိုက်ရသည်။

💫

ထိုကိစ္စဖြစ်ပြီးထဲက ဂျယ်ယွန်းမှာ ကျောင်းအပြင်ဘက်တောင်မထွက်ရဲ။ အဆောင်နှင့်စာသင်ခန်းကိုပဲ လူးလားခေါက်ပြန်သွားလာနေမိသည်။ ကြားထဲ ဆောင်းဟွန်းနဲ့တွေ့မှာ ရှက်သဖြင့် အဲလေ... ကြောက်သဖြင့်.. ဟာ မဟုတ်ပေါင်။ ဆောင်းဟွန်း
ရှက်နေမှာစိုးသဖြင့် သူတစ်ပါးစိတ်ကို အင်မတန်မှနားလည်နိုင်စွမ်းရှိပါသောဂျယ်ယွန်းသည် ဆောင်းဟွန်းနဲ့ ထိပ်တိုက်မတိုးအောင် သတိနဲ့စား သတိနဲ့သွား သတိနဲ့ခပ်သုတ်သုတ်လှုပ်ရှားနေရသည်။

Always be my maybe [PSH x SJY] Tempat cerita menjadi hidup. Temukan sekarang