1.2K 208 42
                                    

အဆောင်ကိုပြန်ရောက်တော့ ဂျယ်ယွန်း စာကြည့်စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်ကာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်စဉ်းစားနေမိသည်။ ဆောင်းဟွန်းနဲ့သူက ဟိုးအရွယ် ကလေးငယ်ငယ်ဘဝထဲက သိကျွမ်းခဲ့တာဖြစ်ပြီး ဆောင်းဟွန်းပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲမှာအူဘယ်နှစ်ခွေရှိတယ် တန်းသိပြီးသားဖြစ်သည်။

မျက်စိရှေ့မှာမြင်ရတဲ့ ကြိုးပေါ်စီတန်းနေတဲ့ Polariodပုံလေးတွေကို လက်နဲ့ကိုင်ကြည့်ရင်း ဓာတ်ပုံပေါ်က ဆောင်းဟွန်းမျက်နှာကို သေချာကြည့်နေမိသည်။

ပုံအများစုမှာ သူက ကင်မရာရှိရာမျက်နှာမူလို့ ပြုံးရယ်နေတာဖြစ်ပေမယ့် ဆောင်းဟွန်းကတော့ ဂျယ်ယွန်းမျက်နှာတကမ္ဘာလုပ်နေတာဖြစ်သည်။

ဘုရား ဘုရား
အဲဒီပတ်ဆောင်းဟွန်းချောချောကြီးက သူ့မျက်နှာလှလှကြီးမှ အားမနာ၊ ဘာလို့ ငါ့ကိုတသက်လုံးမပိုင်ဆိုင်နိုင်တဲ့မွှေးပွအရုပ်လေးကိုကြည့်သလို အကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။

ဂျယ်ယွန်း ဓာတ်ပုံတွေကို သေချာပြန်ကြည့်ရင်း ကြောင်အမ်းအမ်းလေးဖြစ်သွားသည်။ ဆောင်းဟွန်းက တကယ့်ကို သူ့ကိုပြုံးပြုံးကြီးကြည့်နေတာဖြစ်ပြီး မျက်လုံးကနေ အသည်းပုံတွေထုတ်လွှင့်၊ သက်တန့်တွေယှက်ဖြာနေသလိုပင်။

အမှန်တိုင်းဝန်ခံရလျှင် ဂျယ်ယွန်းသည် ဆောင်းဟွန်းကို ရင်မခုန်ဘူးမဟုတ်ရပါ။ အော်...လူပဲ ရင်ကတော့ခုန်မှာပေါ့နော်။

အလယ်တန်းတုန်းကဆို ကိုယ့်အလှည့်လဲမဟုတ်ပါဘဲ blind dateဖျက်ပြီး အခန်းသန့်ရှင်းရေးလုပ်လိုက်ရလို့ သုန်မှုန်နေတဲ့ဂျယ်ယွန်းကို အတန်းခေါင်းဆောင်က ဆောင်းဟွန်းခိုင်းလို့လုပ်တာဖြစ်ကြောင်း လာပြောဖူးသည်။ အဲတုန်းကတော့ ဟင် ဆောင်းဟွန်းကဘာလို့ဒီလိုလုပ်တာလဲလို့ပဲ တွေးနေခဲ့တာ။ အထက်တန်းရောက်တော့  ဂျယ်ယွန်းdateသွားခါနီး၊ တိတိကျကျပြောရလျှင် ဆောင်းဟွန်းအိမ်ကနေအပြန် ကော်ဖီဆိုင်ဆီ blind dateသွားခါနီး။ ဂျယ်ယွန်းအိမ်သာသွားပြီးတဲ့အချိန် အခန်းထဲပြန်ဝင်လာတော့ ဆောင်းဟွန်းက အိပ်ခန်းတံခါးနား တကုပ်ကုပ်နဲ့ ဘာလုပ်နေတယ်မသိ။ မူလီနဲ့ တံခါးလက်ကိုင်ကိုကြပ်နေတာလား ဘာလား တစ်ခုခုပေမယ့် သေချာမမြင်ရ။ အခန်းနဲ့ကပ်လျက်အိမ်သာတံခါးကို အသံမြည်အောင်ဆွဲဖွင့်ပြီး "ချိန်းထားတဲ့အချိန်နီးလို့ ငါသွားတော့မယ်"ပြောပြီး ဆောင်းဟွန်းအိပ်ခန်းတံခါးကို လှည့်လိုက်တဲ့အချိန် တံခါးက ဖွင့်မရ။ တစ်ခါကြိုးစားသည် မရ။ နှစ်ခါ လှည့်ကြည့်သည် မပွင့်။ ဆောင်းဟွန်းကိုယ်တိုင်လဲ ထလာပြီး တံခါးကိုဆွဲဖွင့်သည် လုံးဝမရ။

Always be my maybe [PSH x SJY] Where stories live. Discover now