MLML 9

407 26 0
                                    


9

"လာကြစမ်း ကြင်ယာတော်လေးကိုမြွေကိုက်သွားလို့"

အထိန်းတော်တွေထက် အရင်ရောက်လာသူက အရှင်လန်ကျန့်။

ကြင်ယာတော်လေးကိုစွေ့ကနဲပွေ့ကာထွက်သွားတော့၏။

"နေ နေဦးလေ အရှင်"

ဝေ့ရင်း အမှန်ကိုပြောမလို့ရှိသေး...အရှင်ကပိုမြန်ဆန်နေ၏။

မိဖုရားမင်ယွဲ့မှာ ဦးညွတ်ချိန်ပင်မရလိုက်။

အပြေးတပိုင်းသွားနေသော အရှင့်ကိုကြည့်ကာ ဝေ့ရင်းမှင်သက်နေမိ၏။

အရှင်စိုးရိမ်ပူပန်နေသောပုံစံလေးက သူ့နှလုံးသားကိုပိုမိုနွေးထွေးစေ၏။

သမားတော်တွေမှာစမ်းသပ်ပြီးဇဝေဇဝါဖြစ်နေကြ၏။

အဆိပ်ကမမိထားဘူးလေ...ဘယ်လိုဖြေပေးရမှာလဲ။

"အရှင် မြွေကအဆိပ်ထုတ်ထားပြီးသား ဝေ့ရင်းဘာမှမဖြစ်ဘူး"

"ကောင်းပြီ ကြင်ယာတော်ကိုအပြစ်ပေးရမယ် အဆောင်ကိုပြန်ပါ"

"အရှင်က ဘယ်သွားမလို့လဲဟင်"

"မင်ယွဲ့ဆီ"

ဒီအဆိုးလေးကိုပညာတော့ပေးရဦးမည်...။
မဟုတ်ရင်ပိုဆိုးလာတော့မှာ....။
ခုနေသာချစ်သူခင်သူပေါနေတာ..တချိန်ကျ မကျေနပ်လို့အငြိုးထားပြီး ရန်မူလာရင် ဘယ်လိုလုပ်ပါလိမ့်မလဲ။

ဝေ့ရင်းအဆောင်တော်ရောက်တော့ အရုပ်ကြိုးပြတ်လဲကျသွား၏။

အေးလေ...ငါကအမြဲဆိုးသွမ်းနေတာကို။
စိတ်ကုန်သွားပြီထင်ပါရဲ့!

မိဖုရားတွေကငါ့ထက်လည်းချောတယ်...!
ငါ့လိုလည်းမဆိုးဘူး...!

ဖြစ်သင့်ပါတယ်လေ...အပြစ်မတင်တော့ပါဘူးအရှင်..။

ထွက်သွားချိန်တန်လာပြီပဲ..!
အလိုက်သိရမှာပေ့ါ အရှင်.....။

အရှင် ဆိုတဲ့နာမ်စားလေးကို နောက်တစ်ကြိမ်ခေါ်ခွင့်မရှိတော့တဲ့အတွက် ဝမ်းနည်းမိတယ် အရှင်။

အရှင်မလိုချင်မှတော့ အလိုက်သိစွာထွက်သွားပေးပါ့မယ် အရှင်။

အဆောင်တော်ထဲကိုဝေ့ဝဲကြည့်လိုက်တော့ပြုံးမိသွား၏။
နန်းတော်ကထွက်သွားရင်ယူစရာရှိမလား ရှာကြည့်မိတာ....!

MY LOVE MY LORD (COMPLETED)Where stories live. Discover now