MLML 21

297 16 0
                                    


21

"ကိုယ်တော် အဲ့လိုဖြစ်အောင်တမင်ပြောခဲ့တာ အဲဒါမှစိတ်ခုပြီးထသွားမှာမို့လို့"

"အင့် မသိဘူး ဟင့် တကယ်ထင်လို့ အင့် ငိုခဲ့ရတာ အင့် အရှင်မကောင်းဘူး "

လန်ကျန့်မကြားချင်ဆုံးရှိုက်သံတွေကိုပိတ်ပစ်ဖို့ရာ အနမ်းတွေမှာအသားကျစေရန်ဦးဆောင်သွားတော့ အလိုက်သင့်လေးပါလာသည်။

ဦးခေါင်းထက်မှအဆင်တန်ဆာတွေကို ဖြုတ်ယူပေးလိုက်တော့ ထုံးဖွဲ့ထားခြင်းမရှိသော ဆံနွယ်ရှည်ရှည်တွေကပြိုဆင်းလာလေသည်။

ထိုဆံနွယ်စလေးတွေကိုသပ်ကာတင်ပေးလိုက်တော့ မြင်ရတာက တစ်ကယ်ကိုအသက်ရှူမှားစေလောက်တဲ့ပုံသဏ္ဌာန်လေး...။

မျက်နှာလေးကိုညင်သာစွာအုပ်ကိုင်ကာ...မျက်လုံး၊မျက်ခုံး၊နဖူး၊ပါးလေးနှစ်ဖက်၊နှုတ်ခမ်းပါမကျန်ကြဲဖြန့်ပေးမိတာက အနမ်းဟုမခေါ်သော နှုတ်ခမ်းဖြင့်ပွတ်တိုက်မှုများ....။

ထို့နောက် မက်မောခဲ့ရသော မြတ်နိုးမဆုံးရသော နှုတ်ခမ်းပါးလေးကိုကိုက်ဖဲ့ကာ သွေးစနီနီတို့ကိုအရသာခံနေမိသည်။

ပြီးနောက်....နှုတ်ခမ်းအပေါ်လွှာလေးကို လျှာဖျားလေးနှင့်တို့ကာတို့ကာနေလေတော့ သူ့လျှာကိုလာရစ်ပတ်ရန် ဖိတ်ခေါ်နေသောကြင်ယာတော်လေး....။

ထိုလျှာဖျားလေးကို အာခံတွင်းထဲငုံထွေးလိုက်၊ စိတ်မထိန်းနိုင်လျှင်စုပ်ယူလိုက်နှင့်လုပ်နေတော့ အသည်းယားစရာ ငြီးသံလေးကထွက်ကျလာပြန်သည်။

"အင်း အရှင်"

အပေါ်တလွှာကိုစိတ်တိုင်းကျစုပ်ယူပြီးမှ အောက်အလွှာလေးကိုရန်စဖို့ပြင်ရပြန်လေသည်။

ကြင်ယာတော်လက်လေးတွေကတော့ လန်ကျန့်ခါးစည်းကြိုးကိုဖြေလျော့ပေးကာ ကျောပြင်တစ်လျှောက်ကိုပွတ်သပ်လာလေသည်။

အနမ်းဒီဂရီက တရိပ်ရိပ်တက်လာတာမို့ ရပ်တန့်ပေးဖို့စိတ်ကူးမရှိပေမယ့် မောဟိုက်လာသောအသက်ရှူသံကြောင့် ကြင်ယာတော်လေးအသက်ရှူကြပ်နေတာကိုသိတာမို့ ခဏတော့အချိန်ပေးမိသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now