MLML 33

187 14 0
                                    

33

ပွဲကျင်းပရာနေရာဖြစ်သော အဆောင်တော်ကြီးရှေ့ကိုရောက်တော့မှ ဝေ့ရင်းကိုအောက်ချပေးလာသည်။

အရှင်လက်ညှိုးညွှန်ပြရာနေရာလေးကို အကြည့်ပို့မိတော့ အဆောင်တော်အဝင်ဝ၌ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြောင့် အံ့ဩမှုတို့သာကြီးစိုးရတော့သည်။

ဆိုင်းဘုတ်ကြောင့်ဆိုတာထက် ဆိုင်းဘုတ်တွင်ရေးထားသောစာသားတစ်ခုကြောင့် အံ့ဩထိတ်လန့်သွားရသည်ဟုဆိုလျှင်တော့ ပိုမှန်ပေမည်။

^နာမည်ကင်ပွန်းတပ်ပွဲအခမ်းအနားနှင့်
အိမ်ရှေ့စံရွေးချယ်ပွဲ^

*ဟမ် ဒါ..ဒါက ဝေ့ရင်းစီစဉ်ထားသလိုလည်းမဟုတ်ပါလား။မဟုတ်မှ...*

အတွေးတချို့ကိုဖယ်ပစ်ပြီး အရှင့်ကိုတစ်ဖန်ကြည့်မိပြန်လေတော့ ခေါင်းညိတ်ပြလာသည်။ ဝေ့ရင်းထံလက်ကမ်းပေးကာ ဘယ်တော့မှမရိုးနိုင်မယ့်စကားတခွန်းကို ထပ်မံပြောပြန်သည်။

"ကိုယ်တော့်ကိုယုံတယ်မလား"

ပြုံးရယ်ခြင်းအလျဉ်းမရှိ တည်ကြည်စွာမေးလာသောမေးခွန်းသည် ပြောမပြတတ်အောင်လေးနက်လွန်းသည်။

တစ်ဦးတစ်ယောက်က ယုံလား! ဟု မေးလာသောမေးခွန်းသည် စကားလုံးလေးနှစ်လုံးမျှသာ ပါဝင်နေပေမယ့် တစ်ကယ်တမ်းကျတော့ ထို့ထက်မကသောအဓိပ္ပာယ်တွေ၊ ထို့ထက်မကသောလေးနက်ခြင်းတွေ၊ ထို့ထက်မကသောယုံကြည်ကိုးစားခြင်းတွေက ရေတွက်မရနိုင်အောင်ရှိနေတတ်သည်။

ယုံတယ် ယုံပေးမယ် ဆိုသောစကားလုံးထက် ပြီးပြည့်စုံစေမယ့်အဖြေသည် ခေါင်းလေးအသာညိမ့်ပြလိုက်ရုံသာဖြစ်သည်။

များပြားလှသောစကားလုံးတွေနဲ့ မေးခွန်းကိုပြန်လည်ဖြေကြားပေးမယ့်အစား ဘယ်လို၊ဘာကြောင့်၊ဘာတွက်ဖြစ်ဖြစ် ယုံပြီးသား၊စိတ်ချပြီးသားဆိုသောသဘောကိုဖော်ဆောင်ပေးသော ခေါင်းတစ်ချက်မျှသာညိတ်ပြခြင်းသည် ထောင်သောင်းမကသော စကားလုံးတွေထက် ပိုလို့ပြည့်စုံကောင်းမွန်သော တုံ​ပြန်အဖြေပဲဖြစ်ပေလိမ့်မည်။

အနည်းငယ်မျှပြုံးရိပ်ထင်းသွားသော မျက်နှာချောချောအား ဝေ့ရင်းကမျက်တောင်ပင်မခတ်နိုင်ပဲ ငေးမောနေမိသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now