MLML 19

289 18 0
                                    

19

ကိုယ်တော့်ကိုခွင့်လွှတ်ပါ...ကြင်ယာတော်..။
အချိန်ခဏလေးပါပဲ..ပြီးရင်ပြန်ပေးဆပ်ပါ့မယ်။

နေရာမှထကာ အားလုံးကိုရပ်ရန်အချက်ပြလိုက်သည်။

"မိဖုရားခေါင်ကြီးသိပ်နေမကောင်းချင်လို့ ကိုယ်တော်အနားမှာနေပေးရမယ် ကျန်ရှိတဲ့အချိန်လေးကို ပျော်ရွှင်စွာဆက်ခံစားပါ"

လန်ကျန့်တစ်ယောက် ရွှယ်ယမ်ကိုခေါ်ကာ တစ်နေရာသို့အရောက်မှာ....။

"တစ်ယောက်မကျန်အကုန်သတ်ပစ်။ ရှင်တဲ့လူရှိရင် မင်းတို့ဆွေမျိုးခုနစ်ဆက်ကျွန်အဖြစ်ခံကြရမယ်"

လန်ကျန့်အသံကြားသော် ရန်သူတွေအားလျော့ကုန်ကြသလို ရဲမက်တွေလည်းဒူးတုန်အောင်ကြောက်နေရသည်။

ထို့ကြောင့် အားလျော့ကုန်သောရန်သူတွေနှင့် မိသားစုကိုကာကွယ်ချင်သောရဲမက်တို့၏ တိုက်ပွဲကပြင်းထန်လာတော့သည်။

မိဖုရားခေါင်ကြီးခန့်အပ်ပွဲကိုအကြောင်းပြကာ အခွင့်အရေးယူချင်သူတွေက လုပ်ကြံမှုကြီးကိုအကောင်အထည်ဖော်ခဲ့ကြသည်။

သို့သော်...။
လန်ကျန့်ဆိုတာကဘယ်လိုလူမျိုးမို့လို့လဲ...။

တစ်လောကလုံးက အားကျလေးစားပြီး စံပြဖြစ်နေတဲ့သူ့ကိုလျှော့တွက်မိခဲ့ကြသည်။

လူတွေအများကြီးထဲမှာ လုပ်ကြံတာတောင်မှမအောင်မြင်ခဲ့။

ခုလည်းသတင်းပို့လာပြန်ပြီ။

မိဖုရားခေါင်ကြီးကိုဖမ်းပြီး ပြန်ပေးဆွဲမယ့်အစီအစဉ်ကလည်း အထမမြောက်ပြန်ဘူး။

ယခုလည်း အခမ်းအနားမပြီးခင်ရောက်ချလာတာမို့ သွေးပျက်နေကြပြီ။

ဘယ်လိုမှမလွတ်နိုင်မှန်းလည်း သိထားပြီဖြစ်ရာ အားလုံးခေါင်းညိတ်လိုက်ကြ၏။

လည်ပင်းဆီမှာဓားရွယ်ကာ အားလုံးပြိုင်တူအဆုံးသတ်လိုက်၏။

ဒါပေမယ့်.....နောက်ဆုံးတယောက်ကျန်နေသေးတယ်။

လန်ကျန့်ဓားဆွဲထုတ်ကာလျင်မြန်စွာခုတ်ပေမယ့် သူ့အသံကပိုမြန်၏။

MY LOVE MY LORD (COMPLETED)Where stories live. Discover now