MLML 36

208 11 0
                                    


36

အရှင့်နှုတ်ဖျားမှထပ်မံပေါ်ထွက်လာသော အမည်နာမတစ်ခုသည် အလုံးစုံသောလူတွေ၏စိတ်အစဉ်၌ မသိနိုင်ခြင်းများ၏ဖြစ်တည်ခြင်းဖြစ်ပါသော ပဟေဠိဆိုသောအရာကို ဖြစ်ပေါ်စေပါသည်။

"ဟွာချင်းကြောင့်" ဆိုသောစကားလုံးသုံးလုံးမျှသည် အတိုင်းအဆမရှိသော အတွေးပေါင်းသောင်းခြောက်ထောင်မကသော အကြောင်းအရာတွေကို တွေးထင်စေသည်၊ ယုံမှားသံသယဖြစ်စေသည်။ အမျိုးမျိုးသောအကြောင်းအချက်တွေထဲက ဖြစ်နိုင်ချေတွေကို ပြန်ပြောင်းသတိရအမှတ်ရစေသည်။

"မယ်မင်းရဲ့မစေ့စပ်မှုကြောင့်နဲ့ ကံကောင်းစွာပဲ အသက်ရှင်သန်နေခဲ့ရတဲ့ဟွာချင်းက မယ်မင်းတွေးထားသလို တကယ်မ​ေသခဲ့ဘူး။ အသက်မသေပေမယ့် ဘဝသေသွားခဲ့ရတဲ့ဟွာချင်းလို အမျိုးကောင်းသမီးဘယ်လောက်များ မယ်မင်းလိုလူမဆန်တဲ့မိန်းမကြောင့် ပေးဆပ်ခဲ့ရတယ်ထင်သလဲ။ ဟွာချင်းကိုခေါ်ဆောင်လာခဲ့"

အရှင့်အမိန့်သံအဆုံးမှာတော့ သွေးရူးသွေးတန်းတွေဖြစ်ကာ ကယောင်ကတမ်းတွေစတင်ပြောလာသော ရုံဟွာဆိုသောသူမအား မှော်ဘုရင်စစ်ကျွေးသည် ဝိညာဉ်ထိန်းချုပ်မှော်အတတ်ကျင့်စဉ်ဖြင့်ဖမ်းချုပ်ထားပြီး တုတ်တုတ်မျှလှုပ်မရအောင်ပြုလုပ်ထားတော့သည်။

စစ်သူကြီးဝမ်ချောင်နှင့် နောက်တပ်သားသုံးယောက်တို့၏ ခေါ်ဆောင်ရာအလယ်တွင် လိုက်ပါလာသောအမျိုးသမီးသည် သူမ၏မျက်နှာအား အနက်ရောင်ဇာပဝါပါးဖြင့်ဖုံးအုပ်ထားလေသည်။

"ဟွာအိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ဟွာမေ့ရဲ့တစ်ဦးတည်းသောသမီးလေးဟွာချင်းက ကိုယ်တော့်ရဲ့အသက်သခင်ကျေးဇူးရှင်ပဲ။ ဧကရီကလွဲလို့ အားလုံးအရိုအသေပြုကြ"

"ခဏလေးပါ အရှင်"

တားမြစ်လာသော အသံချိုလွင်လွင်လေး၏ပိုင်ရှင်သည် အရှင့်၏ဧကရီလေးသာလျှင်ဖြစ်ပါ၏။

"အရှင့်အသက်ကိုကယ်တင်ပေးခဲ့တဲ့သူကို ဝေ့ရင်းကလည်း ပြည်သူတွေနဲ့အတူ ဦးညွတ်အရိုအသေပြုချင်ပါတယ်။ ခွင့်ပြုပေးတော်မူပါ...အရှင်"

MY LOVE MY LORD (COMPLETED)Where stories live. Discover now