MLML 14

337 18 0
                                    


14

"အင်း ဟင့် အရှင် အာ့ အရှင်ဒဏ်ရာရနေ အာ့"

ပြောမရအောင် နှုတ်ခမ်းကို ကိုက်ခဲရန်ရှာနေသောအရှင်။

ထိုစဉ် ဗိုက်နားမှစိုတိုတိုကိုစမ်းမိသောကြောင့် သွေးမှန်းသိစဉ် အားကုန်သုံးကာတွန်းလိုက်သည်။

ဝေးကွာတော့မှအသက်ရှူကြပ်တာကိုဖြေဖျောက်ပြီး....။

"အရှင် သွေးတွေပြန်ထွက်နေလို့ပါနော်။ ကောင်းသွားရင်ယူပါ ဝေ့ရင်းမငြင်းပဲပေးပါ့မယ်"

"သေချာပါတယ်နော် ကြင်ယာတော်လေး"

"သေချာပါတယ် အရှင်"

"ကောင်းပြီ ကိုယ်တော့်ကိုထူပါဦး"

ချိုင်းအောက်မှလျှိုဝင်ကာထူပေးလိုက်တော့ ရုတ်တရတ်ဆိုသလို ပါးပြင်နုနုကို ကပ်နမ်းသည်။

"အရှင်ကလည်း"

ဝေ့ရင်းကိုယ်လေးကို ရုန်းမရအောင်ဆွဲဖက်ထား၍ ထိုင်ခိုင်းထား၏။

"အပြင်မှာရောက်နေတဲ့သူဝင်ခဲ့"

ဝင်လာသူက သမားတော်တစ်ဦးနှင့်စစ်ကျွေး..။

"သမားတော်ကြီး ဒီမှာလှုပ်ရှားလိုက်လို့သွေးပြန်စိမ့်လာတယ်"

သမားတော်ကြီးက တစ်ဖန်ပတ်တီးအသစ်ကိုလဲပေးလေသည်။

"အရှင် စိုးရွံ့မိပေမယ့် ဟိုလေ ဒီရက်ပိုင်းမလှုပ်ပဲနေပေးလို့ရမလား"

"မရဘူး"

"အရှင့်သဘောအတိုင်းပါပဲ အရှင်"

"သွားလို့ရပြီ"

ထွက်သွားပြီဆိုတော့မှ ဝေ့ရင်း အရှင့်ကိုတဘုန်းဘုန်းထုမိတော့၏။

"အရှင် သိပ်ဆိုးတာပဲ ဘယ်လိုထင်ကုန်ကြပြီလဲမသိဘူး"

"ဘာလဲ ဘာတွေးနေတာလဲ။ အငြိမ်နေလို့မရဘူးလေ။ ကိုယ်တော်က အိပ်ရင်ခဏခဏအလှည့်အပြောင်းလုပ်တဲ့အကျင့်ရှိတယ် ။ ဒါကိုပြောတာ"

"ဟင့် ပြောချင်ဘူး"

"ကိုယ်တော်ဆေးမသောက်ချင်ဘူး"

"အရှင်ကလည်း ဆေးမသောက်လို့မရဘူးလေ"

"ဆေးသောက်ရင်ဘာပေးမှာလဲ"

MY LOVE MY LORD (COMPLETED)Where stories live. Discover now