MLML 24

265 12 0
                                    


24

"အင်း နာလိုက်တာ....ကျွတ်စ် ငါ ငါ ဘယ်ရောက်နေတာလဲ"

မိဖုရားခေါင်ကြီးဆီမှပြန်လာပြီးတည်းက သတိမေ့သွားခဲ့တာ...။

နာကျင်မှုတို့နှင့်အတူသတိရလာတော့ ကျယ်ဝန်းသောနန်းဆောင်တစ်ခုထဲမှာ....။

သိလိုစိတ်တို့က အငြိမ်မနေနိုင်ပဲဘေးပတ်ဝန်းကျင်ကိုကြည့်မိလေတော့ ဘယ်ကမှန်းမသိတဲ့ဓားပျံတွေ...။

ကြောက်ရွံ့စွာနဲ့ မျက်စိစုံမှိတ်ချလိုက်တော့ လမ်းလျှောက်သံခပ်ကျယ်ကျယ်က စည်းချက်ညီစွာပဲ နားစည်သို့လာရိုက်ခတ်၏...

"သတိရလာပြီလား ".

အေးစက်ပြတ်သားသောစကားသံမှာ မာကျောမှုကအပြည့်..!

မျက်လုံးပင်ဝေ့ကြည့်လို့မရအောင် စီမံထားသောအခန်းကျယ်က ဘယ်နေရာမှာတည်ရှိနေမှန်းလည်း မင်ယွဲ့မသိရချေ...။

"မင်ယွဲ့ သက်သာကြောင်းပါ အရှင်"

"မိဖုရားခေါင်ကြီးကိုကယ်ပေးလို့..ကျေးဇူးတင်မိပေမယ့်..လတ်တလောတော့ဒီနေရာမှာပဲနေခွင့်ရှိတယ် "

လန်ကျန့်မတ်တပ်ရပ်နှင့်ပဲ ခုံစောင်းကိုရိုက်ချလိုက်သည်။

"အိပ်ဆောင်တော်ပေါ်ကနေခြေတလှမ်းမှမရွေ့ဖို့တော့ ကိုယ်တော်သတိပေးပါရစေ။ မဟုတ်ရင်..ခုနကအဖြစ်ထက်ပိုဆိုးတာတွေလည်းကြုံရတာမျိုးဖြစ်လာလိမ့်မယ်..."

"အကြောင်းအရင်းလေးသိခွင့်ရှိမလား အရှင်"

"မိဖုရားခေါင်ကြီးမထိခိုက်စေဖို့"

ပြောပြီးတာနဲ့ထွက်သွားသော အရှင်လန်ကျန့်ကျောပြင်ကျယ်ကိုကြည့်နေရင်း မင်ယွဲ့အောက်နှုတ်ခမ်းပါးကိုပြတ်ထွက်မတတ်ဖိကိုက်မိ၏...။

ငန်ကျိကျိသွေးအရသာက..သည်တကြိမ်တော့ခါးသက်မှုအပြည့်..။

ခန့်မှန်းသလိုဖြစ်မလာတော့...ကိုယ်တိုင်ဖန်တီးရတော့မှာပေါ့....!!

အသက်ညှာဆုံးနည်းလမ်းနဲ့ နိဂုံးချုပ်ပေးတာတောင်မှ မလိုချင်ဖြစ်နေတော့လည်း။

အရှင်လန်ကျန့်မျက်နှာတည်တင်းနေကတည်းက မိဖုရားခေါင်ကြီးအသက်ရှင်နေတယ်ဆိုတဲ့သဘော..။

MY LOVE MY LORD (COMPLETED)Where stories live. Discover now