အပိုင်း( 34) Un Zaw

2.2K 249 33
                                    

" ဘာမှစိတ်ပူစရာမရှိပါဘူး လူနာက လန့်ပြီးသတိမေ့သွားတာပါ ဗိုက်ကဒဏ်ရာကလဲ သိပ်အများပါဘူး ခဏနေ လူနာသတိရလာမှာပါ

" ကျေးဇူးတင်ပါတယ်ဆရာရယ်

"ရပါတယ် သွားခွင့်ပြုပါအုံးလူနာသတိရလာရင်ဆရာကိုလာခေါ်လိုက်ပါ

"ဟုတ်ကဲ့

ဆရာဝန်အခန်းထဲကနေ ထွက်သွားတာနဲ့ ကုတင်ပေါ်မှာလှဲနေတဲ့ ခွပ်ဒေါင်းမာန်ဘေးသွားပြီး ငိုနေတဲ့ ကာရန်ပါ 

ဟန်ကာရန်ဘေးသွားလိုက်ပြီး

" ခဏလောက်လိုက်ပါအုံး သူမကြာခင်သတိရလာမှာပါ

"ဟင့်အင် သူသတိရလာကိုမြင်ရမှ ငါအနားယူမယ်

အခုကာရန်ဖြစ်နေတဲ့ခံစားချက်ကို ဟန်သိတာမလို့ ဘာမပြောတော့ဘဲ အခန်းပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်

ကုတင်ပေါ်မှာ မျက်လုံးတွေ မှိတ်ပြီး အိပ်ပျော်နေတဲ့ကောင်လေးရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး

"မင်းသိလား လွန်ခဲ့တဲ့နှစ်တွေတုံးကလဲ ငါအဖေက အခုလို ဆေးရုံပေါ်မှလှဲနေဘူးတယ်
ငါခဏလေး အိပ်ပျော်သွားတာနဲ့ အဖေက ငါနဲ့အမေကိုထားပြီး ထွက်သွားခဲ့တာ မင်းကတော့ငါကိုမထားခဲ့ဘူးမလား

နွေဦး‌ ပြောပြီးသူရဲ့နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး

"ငါမောင့်ကိုချစ်တယ်နော်

" အများကြီးချစ်တာမလို့ မြန်မြန်သတိရလာပါနော်

အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်သာ ဒီစကားတွေကိုမကြားနိုင်ပါ။

သိုပေမဲ့အခန်းပြင်ဘက်ကကောင်လေးတစ်ယောက်ကတော့ထိုစကားတွေကြားပြီး ထိုင်ခုံပေါ်မှာ အသက်မဲ့စွာထိုင်နေသည်။

ငယ်ငယ်လေးကတည်းက ကိုယ့်ကိုတိုင်ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ကလေးတစ်ပွင့်က ကိုယ်တိုင်မခူးဆွတ်ရ‌သေးခင်မှာဘဲ တပါးသူနဲ့ လက်ထဲမှာပျော်မွေ့နေပြီး

"  မောင်လေး ခွပ်ဒေါင်းမာန်ဘယ်အခန်းထဲမှာလဲဟင်

ဟန်ကြည့်လိုက်တော့ ခွပ်ဒေါင်းမာန်အမ ငိုထားလို့ထင်ပါတယ် မျက်လုံးတွေရရဲနေပြီး မျက်အိမ်‌တွေက ဖောင်းနေသည်။

ဒေါင်းWhere stories live. Discover now