Ep.1

2.1K 73 8
                                    

{Unicode}

ကောင်းသည်လည်းမဟုတ် ဆိုးသည်လည်းမဟုတ်တဲ့ရာသီဥတု။ထုံးစံအတိုင်း ခြေလှမ်းတွေကသူ့၏ ဦးတည်ရာဆီသို့သာ။

"ဟေ့ ထယ်ယောင်း"

"ဟာ ဟျောင့် ဟာ့ဒ်ဆွန် အစောကြီးပါလား"

ဟာ့ဒ်ဆွန်(Huddson) သူက ထယ်ယောင်း၏ သူငယ်ချင်းဖြစ်သူပင်။လူမျိုးမတူ ဘာသာမတူပေမယ့် စိတ်တူ ကိုယ်တူသူငယ်ချင်းတွေပေါ့။ဟုတ်ပါတယ် ဟာ့ဒ်ဆွန်က ဩစတေးလျသားပါ ကိုရီးယားကိုအလယ်တန်းလောက်ကပြောင်းလာခဲ့ပြီး အထက်‌တန်းလောက်မှာ ထယ်ယောင်းနဲ့ခင်မင်ခဲ့သူဖြစ်တယ်။ငယ်ပေါင်းတော့မဟုတ်ခဲ့ပေမယ့် ငယ်ပေါင်းထက်ပင်ပိုရင်းနှီးကြတယ်။ထယ်ယောင်းကိုလည်းအမြဲနားလည်ပေးသူဖြစ်ပြီး အလွန်ခင်မင်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။

"မင်း ဒီနေ့ကျောင်းတက်မှာလား အဲ့ဒါလာမေးတာ"

"No မတက်တော့ဘူး"

"bruh ကြိုးစားတာကလည်း ကြိုးစားတာပေါ့ ကျောင်းစာလည်းလိုက်လုပ်ဦးကွာ"

"အေးပါကွာ"

"ok ok bye see you soon"

ထိုသို့ပြောကာ မျက်လုံးတစ်ဖက်မှိတ်ပြရင်း ထွက်သွားသော သူငယ်ချင်းဖြစ်သူကိုကြည့်ပြီးထယ်ယောင်းခေါင်းခါလိုက်မိသည်။ဩဇီသားဖြစ်တာမို့ တစ်ခါတစ်လေအင်္ဂလိပ်လိုလည်းပြောတတ်သေးသည်။သူ့ကြောင့် ထယ်ယောင်းတောင် အင်္ဂလိပ်စာအတန်သင့်ရနေပြီ။ဟားဟား...။။

အတွေးတို့ကိုဖြတ်တောက်ကာ အဆောက်အဦးတစ်ခုထဲသို့ဝင်သွားလိုက်သည်။ထိုထဲသို့ရောက်သည်နှင့် အခန်းငယ်လေးတစ်ခုထဲသို့ဝင်လိုက်ပြီး မှန်ပြင်ကြီးရှေ့တွင်ရပ်ကာ ထယ်ယောင်း မှန်ထဲကသူ့ပုံစံကိုအတော်တန်ကြာရပ်ကြည့်နေမိသည်။ထို့နောက် ကျောပိုးအိတ်လေးအားချကာ အကြောလျော့ဖို့စတင်တော့သည်။

ဟုတ်ပါတယ် သူအခု Dance Practice Room ထဲရောက်နေတာဖြစ်ပြီး သူ့အိမ်မက်က Idol တစ်ယောက်ဖြစ်ဖို့ပင်။သူ့ရဲ့အိမ်မက်အတွက် အကောင်ထည်ဖော်နေသည်မှာ 1နှစ်ရှိခဲ့ပြီ။Debut မရနိုင်သေးပေမယ့် လက်လျော့ဖို့လည်းစိတ်ကူးမရှိပါ။သူဒီအလုပ်အား ရူးသွပ်သည်။ထို့ကြောင့် အဆုံးထိသွားဖို့စဉ်းစားထားသည်။မိဘတွေကအပြင်းအထန် ကန့်ကွက်ခဲ့လည်းပေါ့....။

WHO ARE YOU?Where stories live. Discover now