{Unicode}
ဧည့်ခန်းထဲတွင် ထိုင်နေကြသော အဖေ နဲ့ အမေ ပြီးတော့ သူ ထယ်ယောင်း။
"နော် အမေ နော်"
"သား ယောင်းလေး ဒါက ဒီလို ဂျစ်တိုက် ပူဆာလို့ရမယ့်အရာမဟုတ်ဘူးနော် သား သေချာစဉ်းစားပြီးပြီလား"
"တစ်ညလုံး မအိပ်ပဲကို စဉ်းစားထားတာ"
"သားပဲ ဒီစေ့စပ်ပွဲကို မရရအောင်လုပ်ပေးဖို့ပူဆာခဲ့တာလေ အခုလည်း ပြန်ဖျက်သိမ်းဖို့ပူဆာနေပြန်ပြီ ဒီလိုအရာတွေက ကစားလို့မသင့်ဘူးဆိုတာ သားသိတယ်မလား"
"ဂျောင်ကု က ကျွန်တော်ကိုမကြိုက်ဘူးတဲ့ မုန်းတယ်တဲ့ အဲ့လိုဆိုရင်တောင် ကျွန်တော်ကလက်ထပ်ရမှာလား"
သူ့စကားကြောင့် အနည်းငယ်တွေးသွားပုံရသွားတဲ့ အမေ။ထယ်ယောင်းလည်း အားတက်သွားကာ ဆက်ပြောဖို့ ပါးစပ်ပြင်လိုက်တော့....
"သား~"
သူနဲ့အမေပြောနေတဲ့ တစ်လျှောက်လုံးမှာ ငြိမ်နေတဲ့အဖေ ကဝင်ပြောလာသည်။
"ဂျောင်ကု က သားကိုမကြိုက်ဘူးဆိုတာ သေချာလို့လား"
"ဟုတ်တယ် အဖေ ဟို ဂျောင်ကု ကိုပါခေါ်မေးရင်ရပါတယ် သူလည်း ဒီစေ့စပ်ပွဲကို ဖျက်သိမ်းချင်နေတာ"
ခဏ။ ဒါက နည်းနည်းများလွန်သွားမလား။ချွန်တာများသွားပြီထင်တယ်။အဖေက တကယ်ခေါ်ရင်ဘယ်လိုလုပ်မလဲ။အားးးရှ် ဒီပါးစပ်ကလည်း။
"ဟုတ်ပြီ ဒါဆို ဂျောင်ကု ကိုခေါ်လိုက် အကုန်ဆုံရှင်းတာကောင်းတယ်"
သွားပါပြီ တကယ်ခေါ်တာပဲ။သူက စေ့စပ်ပွဲ ကိုမဖျက်သိမ်းဘူးဆို ဘယ်လိုလုပ်မလဲ။ဖျက်သိမ်းလောက်မှာပါနော်။သူငါ့ကို မုန်းနေတာပဲဟာကို။အော် ပြီးတော့ သူ့မှာလည်းရည်းစားရှိနေတာပဲ။
**********
အမေက တယ်လီဖုန်း ကနေတစ်ဆင့် ခေါ်ဆိုမှုကြောင့် ဂျောင်ကု ဟာ ချက်ချင်းဆိုသလို ထယ်ယောင်း တို့အိမ်သို့သူ့ဂျစ်ကားကြီးနဲ့ရောက်လာခဲ့သည်။လက်ရှိအခြေအနေကတော့ ဆိုဖာပေါ်တွင် အကုန်လုံးထိုင်နေကြကာ လေထုဟာလည်း တိတ်ဆိတ်လျှက်။ထယ်ယောင်းမှာတော့ အသက်ပင်မရှူရဲ။ကျောက်ရုပ်လိုပင် ငြိမ်သက်နေရသည်။
YOU ARE READING
WHO ARE YOU?
Fanfiction"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"