Ep.7

450 45 2
                                    

{Unicode}

စိမ်းသက်သောလေထုနှင့်အတူ ဂျစ်ကားလေးတစ်စီးဟာ လမ်းပေါ်တွင်ပြေးလွှားနေသည်။ဒီစိမ်းသက်တဲ့လေထုကိုဖြိုခွဲဖို့ အခုထိဘယ်သူ့မှအတွေးမရှိကြ။ထယ်ယောင်း 1963 ခုနှစ်ရဲ့ပုံရိပ်လေးတွေကိုကားပြတင်းပေါက်မှတစ်ဆင့်ငေးမောနေမိတယ်။မြင့်မားပြီးခေတ်မှီလှတဲ့ ကုမ္ပဏီကြီးတွေမဟုတ်ပဲ 3ထပ်လောက်သာရှိပြီး အနည်းငယ်ဟောင်းနွယ်တဲ့ပုံစံဘက်ရောက်သောတိုက်တွေကိုသာတွေ့ရသည်။လမ်းတစ်လျှောက်တွင်လည်း အရင်ခေတ်ကစက်ဘီးများနှင့် ဈေးဝယ်ထွက်နေသူများကိုလည်းကြည့်ပြီး ထယ်ယောင်း မဆိုယုံလောက်လေးပြုံးမိသွားသည်။ဒီလိုခံစားချက်လေးကလည်းကောင်းသားပဲ။

"ရောက်ပြီ"

ကားစက်သတ်ပြီးမှ ပထမဆုံးသူ့ဆီကထွက်လာသော စကားသံဖြစ်သည်။

"အွန်း ကျေးဇူးပဲ"

"ရတယ်"

ထယ်ယောင်း ဂျစ်ကားပေါ်ကဆင်းလိုက်ပြီး လမ်းမပေါ်တွင်ရပ်နေမိသည်။ရောက်ပြီပြောလို့သာဆင်းရတာ ဘယ်ကိုသွားရမယ်မှန်းမသိတာမို့ ဟိုကြည့်ဒီကြည့်ဖြင့်သာ။

"ဒီမှာ ဒါမင်းရဲ့ကော်ဖီဆိုင်"

ဂျောင်ကု လက်ညိုးထိုးပြသောနေရာကိုကြည့်လိုက်တော့ ထယ်ယောင်း အတော်ပင်သဘောကျသွားသည်။ဆိုင်လေးက အကြီးကြီးမဟုတ်ပေမယ့် ကျဉ်းလည်းမကျဉ်းတဲ့အနေထားလေးပင်။မှန်လေးဖြင့်ကာရံထားတာကြောင့် အထဲကအပြင်အဆင်ကိုအထင်းသားမြင်တွေ့နေရသည်။ခြေလှမ်းတွေက ဒီဆိုင်လေးထဲဝင်ဖို့သာ စိတ်အားထက်သန်နေသည်။

"ကင်မ် သက်သာရဲ့လား"

ဆိုင်ထဲသို့ဝင်ဝင်ချင်း ကောင်မလေးတစ်ယောက်က ဆိုင်အတွင်းဘက်မှပြေးထွက်လာပြီးသူ့အားကြိုဆိုသည်။ဘယ်သူလဲမသိပေမယ့် ထယ်ယောင်း ပြုံးပြလိုက်ပါသည်။ထိုအခါတွင် သူမက ထူးဆန်းသလိုသူ့အားပြန်ကြည့်ပြီး အနောက်က ဂျောင်ကုကိုလည်းလှမ်းကြည့်သည်။ဂျောင်ကုက အနည်းငယ်ခေါင်းခါပြသည်။သူတို့ဘာတွေဆိုလိုနေမှန်း ထယ်ယောင်းမသိပါ။

"ကင်မ် ကျွန်မနာမည် အယ်လီ ပါ ဒီဆိုင်လေးကို ကင်မ် စဖွင့်တည်းကဝင်လုပ်ခဲ့တာပါ"

WHO ARE YOU?Where stories live. Discover now