{Unicode}
မနေ့ညကထယ်ယောင်း အိမ်ကိုပြန်ရောက်တော့ အမေ့ရဲ့ အလွန် စိတ်ပူနေတဲ့မျက်နှာကိုတွေ့လိုက်ရတာမို့ ထယ်ယောင်း ရင်ထဲနွေးထွေးသွားရသည်။ထို့အတူ အဖေကပါ စိတ်ပူနေသည်။
သူဟာ ဒီက ထယ်ယောင်း မဟုတ်ဘူးဆိုတဲ့အသိကပါဝင်လာသည်မို့ တဆက်တည်း ဒီကကင်မ်ထယ်ယောင်း ကိုပါ အားကျလာရသည်။သူလိုချင်တဲ့မိသားစုကို သူကရပြီးပြီမဟုတ်လား။သူလိုချင်မိတယ်။သူအမြဲတောင်းတနေတာ ဒီလို မိသားစုမျိုးလေးကိုလေ။
[WAY]
နိုးထလာတဲ့မနက်ခင်းလေးမှာ ထယ်ယောင်း စိတ်တွေဟာ ကြည်လင်နေသည်တော့မဟုတ် ဘာ့ကြောင့်လဲဆိုတော့ အိမ်မက်ထဲ ဟိုဂျွန်ဂျောင်ကုကြီးကို တွေ့လိုက်ရလို့ဖြစ်သည်။ဒီနေ့တစ်နေ့လုံး အဲ့လူကိုမတွေ့ရရင်ကောင်းမယ်။လူကိုတွေ့တိုင်း စူးစိုက်ကြည့်ပြီး ဘယ်လောက်မုန်းကြောင်းကိုပဲစာဖွဲ့နေတာ။ကြာတော့ နေရခက်တယ်။
ဒါပေမယ့်လည်းသိချင်ပြန်တယ်။ဘာလို့ ကင်မ်ထယ်ယောင်းကို အဲ့လောက်မုန်းတီးနေရလဲဆိုတာကို။ကိုယ်နဲ့စေ့စပ်မယ့်လူက ကိုယ့်ကိုအကြီးကျယ်မုန်းတီးနေတယ်ဆိုတာကတော့မဖြစ်သင့်ဘူးမဟုတ်လား။
သိချင်နေတာတွေကို ဆိုင်ရောက်မှပဲ အယ်လီကိုမေးဖို့ တွေးထားလိုက်ပြီး ဆိုင်သွားဖို့ပြင်ဆင်ရတော့သည်။
"အမေ သားသွားတော့မယ်"
"သား ဂျောင်ကု ကိုမစောင့်တော့ဘူလား"
"ဟာဗျာ သူနဲ့မသွားချင်ပါဘူး"
"ဘာလို့လဲ သားရယ်"
"အကြောမတည့်လို့"
သူ့အဖြေကြောင့် အမေဟာ သက်ပြင်းတွေပဲလှိမ့်ချနေတော့သည်။မတတ်နိုင် ဖြစ်နိုင်ရင် ဂျွန်ဂျောင်ကုဆိုတဲ့သူနဲ့အဝေးမှာပဲနေချင်တယ်။ထယ်ယောင်း အိမ်အပြင်သို့သာ ထွက်လာလိုက်ပြီး ဂိတ်အဝထိသို့လမ်းလျှောက်သွားလိုက်သည်။အရမ်းဝေးတာမို့ ဂိတ်အဝရောက်တော့ လူကအမောဖောက်မတတ်။
"ဟို ဒီမှာ ကျွန်တော် ဆိုင်သွားချင်လို့ ဟို ဆိုင်နာမည်ကဘာလဲတော့မသိဘူး"
YOU ARE READING
WHO ARE YOU?
Fanfiction"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"