Ep.12

508 46 14
                                    

Unicode

ထိုင်ခုံပေါ်တွင် ငူငူငိုင်ငိုင်ထိုင်နေသော ကင်မ် ကိုကြည့်ပြီး အယ်လီ တစ်ယောက် သူ့ပြောခဲ့တဲ့စကားတွေကို နောင်တရလာသလိုလို။

မတူညီပဲ ကွဲပြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ စရိုက်တွေ။ဒါကို ဘယ်လို အံဝင်ခွင်ကျနေနိုင်မှာလဲ။အတ္တကြီးတဲ့ ကင်မ်ထယ်ယောင်း။ကင်မ်ထယ်ယောင်း ကိုမုန်းတီးနေတဲ့ သူ့ရဲ့ သတို့သားလောင်း ‌ဂျွန်ဂျောင်ကု။တွေးကြည့်ယုံနဲ့တင် ကြက်သီးထဖွယ်ပဲ။ထယ်ယောင်း အတွက်ကတော့ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူနဲ့သာလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးသာရှိသည်။ကိုယ်တိုင်ကလည်း LGBT ကိုလက်ခံထားသူမို့ ချစ်ရသူဟာ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ကိစ္စမရှိပါ အဓိက နှစ်ယောက်ကြား စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ ရှိနေရင်ရပြီ။

*********

မနက်ကအယ်လီစကားကြောင့် ထယ်ယောင်းမှာ တစ်နေကုန် အတွေးလွန်နေရသည်။ဟို‌နားလေးသွားထိုင်လိုက် ဒီ‌နားလေးသွားထိုင်လိုက်နဲ့ စိတ်နဲ့ကိုယ်နဲ့လည်းမကပ်။တည်တာကတော့ ရေနွေးအိုး နှိပ်လိုက်တဲ့ခလုတ်ကတော့ ကော်ဖီနှပ်ထားတဲ့ အိုး။ဘာအလုပ်မှလုပ်ချင်စိတ်လည်းမရှိတာမို့ အိမ်ကိုပဲ ပြန်နားတာ ကောင်းလိမ့်မယ်လို့ တွေးမိတယ်။

"အယ်လီ ငါပြန်တော့မယ်"

"ဟုတ်ကဲ့ပါ ကင်မ် အနားယူလိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ်"

"ဟုတ်ပြီ အဲ့ဆို ငါသွားတော့မယ်"

ထယ်ယောင်းလည်း ဆိုင်ထဲကနေအပြင်သို့ထွက်လာပြီး ကားငှားဖို့ ပတ်ဝန်းကျင်အား ဝေ့ဝဲကာရှာလိုက်မိသည်။ခပ်ဝေးဝေးကနေ လှမ်းမြင်လိုက်ရတဲ့ ကားတစ်စီးကြောင့် ထယ်ယောင်းမျက်ခုံးတစ်စုံဟာလည်း တွန့်ချိုးသွားတော့သည်။

မြင်ဖူးသလိုလိုရှိသည့် ထိုကား။ရင်းရင်းနှီးနှီးကိုသိနေတဲ့ထိုကား။ဒါဂျွန်ဂျောင်ကုရဲ့ကားမဟုတ်လား။နေပါဦး သူကဒီမှာဘာလုပ်နေတာလဲ။

စပ်စုချင်စိတ်ကြောင့် ကားနားကိုသွားလိုက်တော့ တွေ့လိုက်ရတဲ့ လူအရိပ်နှစ်ခုကြောင့် ထယ်ယောင်း ခြေလှမ်းတွေဟာ တန့်ခနဲပင်။

WHO ARE YOU?Where stories live. Discover now