Ep.10

452 47 3
                                    

{Unicode}

ဘယ်ကိုရောက်လို့ရောက်နေမှန်းမသိ ခြေဦးတည့်ရာကိုသာ လျှောက်လှမ်းလာခဲ့ပေမယ့် မိုးသာချုပ်သွားတယ် အခုထိအိမ်တစ်အိမ် လူတစ်ယောက်တောင်မတွေ့ရ တောအုပ်လိုသာ ခေါင်ခိုက်နေတော့သည်။တစ်ဖြည်းဖြည်း အမှောင်ကလည်းပိုမှောင်သထက်မှောင်လာပြီမလို့ ထယ်ယောင်း ပိုလို့သာ ကြောက်လာမိသည်။

ရောက်ရာနေရာမှာသာ ခြေစုံရပ်လိုက်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။ကြောက်စိတ်ကပိုလို့သာတိုးလာပြီမို့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များဟာလည်း ပါးပြင်ထက်သို့ ကျဆင်းလာတော့သည်။

"တစ်ယောက်‌ယောက်များရှိမလား ငါအရမ်းကြောက်တယ်"

[WAY]

"ကင်းထောက်မှူးဂျွန် မှားကြားထားတဲ့ အထူးတပ်ဖွဲ့တွေအဆင့်သင့်ဖြစ်ပါပြီ"

"ဟုတ်ပြီ ဒီနားတစ်ဝိုက်နဲ့ တောအုပ်နားတစ်ဝိုက်ကိုနှံ့စက်အောင် ရှာမယ် ရှာဖွေရမယ့်လူကတော့ မင်းတို့အားလုံးသိပြီးသားဖြစ်မှာပါ သူက ကင်မ်! ငါနဲ့စေ့စပ်ထားတဲ့လူ အရေးကြီးသူမို့ မင်းတို့အင်အားတွေကိုပိုစိုက်ထုတ်စေချင်တယ် "

"အမိန့်အတိုင်းပါ ကင်းထောက်မှူးဂျွန်"

ညွှန်ကြားမှုပြီးသည်နှင့် တပ်ဖွဲ့အသီးသီးဟာ လူခွဲကာ ရှာဖွေကြတော့သည်။ဂျောင်ကုအနေနဲ့လည်း ဒီအတိုင်းနေနေလို့မဖြစ်တာကြောင့် သူပါထွက်ရှာဖို့ဆုံးဖြတ်လိုက်သည်။အရမ်းညဉ့်နက်လာရင် တောရိုင်းတိရစ္ဆာန်တွေက အစာရှာထွက်တတ်ကြတယ်။အကယ်၍ ကင်မ်ထယ်ယောင်းသာ တောထဲမှာရှိနေရင် အန္တာရာယ်ဖြစ်နိုင်ခြေ အများဆုံးပဲ။ဒါ့ကြောင့် တောတစ်ဝိုက်ကိုအရင်ရှာရမယ်။

********

ငိုနေယုံတဲ့မပြီးဘူးဆိုတာ ထယ်ယောင်းသိပေမယ့် ငိုနေယုံကလွဲပြီးဘာမှမလုပ်နိုင်ပြန်ဘူး။ဒီနေရာဟာ သူ့အတွက်အရမ်းစိမ်းတယ်။ရင်းနှီးမှုမရှိတဲ့နေရာမှာ လမ်းတွေသိဖို့ဆိုတာလည်းခက်ခဲတယ်မဟုတ်လား။

ထိုအချိန်တွင် ကြားယောင်မိသော အသံတစ်ခု။ထယ်ယောင်း ဆောင့်ကြောင့်ထိုင်နေရာမှထကာ အာရုံစိုက်နားထောင်တော့ ချုံပုတ်တစ်ခုကြားထဲကနေ တစ် ချွတ် ချွတ်နဲ့မြည်နေခြင်းဖြစ်သည်။ဘာပါလိမ့်။

WHO ARE YOU?Where stories live. Discover now