Ep.6

436 44 0
                                    

{Unicode}

အချိန်အားဖြင့် ည8နာရီ။

ထယ်ယောင်းနိုးတည်းက တစ်နေကုန် အခန်းထဲကကုတင်ပေါ်မှာပဲ ကျောဆန့်နေရတော့ ပျင်းရိလာပြီဖြစ်သည်။ထို့ကြောင့် အခန်းပြင်ထွက်ကာ ပတ်ဝန်းကျင်အားအနည်းငယ်လေ့လာကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ကုတင်ပေါ်က ဆင်းကာ အခန်းတံခါးအားဖွင့်လိုက်ပြီးအပြင်သို့ထွက်လာလိုက်တော့ မြင်တွေ့ရသည်က ကျွန်းများဖြင့်ပြုလုပ်ထားသော ပရိဘောဂ တွေအိမ်နံရံတွေကိုတွေ့လိုက်ရသည်။အရမ်းရှေးခတ်ဆန်နေပြီး အထက်တန်းဆန်တဲ့ပုံစံမျိုးကိုတွေ့ရသည်။အနည်းငယ် ရှေ့သို့ ခြေလှမ်းဆက်လှမ်းလိုက်တော့ ဧည့်ခန်းလို့ထင်ရသောနေရာတွင် စာဖတ်နေသောလူကြီးတစ်ယောက်။ထိုလူမှာ ထယ်ယောင်း အဖေ ဖြစ်သည်။ထယ်ယောင်းဟာ အဖေကြောက်သူပီပီ တုန်လှုပ်နေမိပြန်တယ်။

"သား~"

အဖေ၏တည်ငြိမ်သော အပြုံးလေးနှင့်အတူ သား ဆိုသောခေါ်သံကြောင့် ထယ်ယောင်း ပြန်သတိရမိတာ ထိုလူက သူ့အဖေအစစ် မဟုတ်ဘူးဆိုတာကိုပင်။သို့ပေမယ့်လည်း ထယ်ယောင်း ယဉ်ကျေးစွာနဲ့ပင် အဖေ့အရှေ့က ခုံသို့ဝင်ထိုင်လိုက်သည်။

"သား သက်သာရဲ့လား"

"ဟုတ် အဖေ သား သက်သာပါတယ်"

မြင်နေကျအဖေပဲဆိုပေမယ့် အမြဲခက်ထန်နေတဲ့ပုံစံနဲ့အဖေမဟုတ်ပဲ ဖော်ရွေလွန်းတဲ့ပုံစံကြောင့် ထယ်ယောင်း နေရထိုင်ရခက်အနည်းငယ်တော့ခက်မိပါသည်။

"အဖေ နဲ့ အမေကို သားမှတ်မိတာ တကယ် ဝမ်းသာတယ်ကွယ် ဂျောင်ကု ကိုမမှတ်မိတာတော့ စိတ်မကောင်းစရာပဲ"

"ဘာလို့လဲ အဖေ"

အဖေရောအမေ ရောက သူဂျောင်ကုနဲ့ပတ်သတ်ပြီးမမှတ်မိတာအတွက်ကိုအထူးဆန်းလုပ်နေကြတာကို ထယ်ယောင်းရိပ်မိပါသည်။သိချင်စိတ်ကြောင့် ထယ်ယောင်းမေးလိုက်မိတော့။

"သားက ဂျောင်ကု ကိုအရမ်းချစ်တာလေ"

"ဗျာ!"

"လုံးဝမမှတ်မိဘူးဆိုတော့ အဖေတို့အတွက်တော့ထူးဆန်းတာပေါ့ သားက အဖေတို့ကို ဂျောင်ကု နဲ့လက်ထပ်ပေးဖို့အထိ တောင်းဆိုခဲ့တာ"

WHO ARE YOU?Where stories live. Discover now