အပိုင်း(38)Un Zaw

2.6K 292 51
                                    

[Unicode]"အင့် ဟယ် အင့်ဟယ်

"လက်တွေနာကုန်မယ်ခင်ဗျားရယ် ကျုပ်က ခင်ဗျားဘယ်လောက်ရိုက်ရိုက်မနာဘူး

"အဟင့် အီးဟီး လူဆိုးကောင် လူယုတ်မာကောင် အီးဟီး

လူကိုသူစိတ်ကြိုက်ထုရိုက်ပြီး ငိုနေတဲ့သူကြောင့် ခွပ်ဒေါင်းမှာချော့ရတော့သည်။

" မငိုပါနဲ့ဗျာ ကျုပ်ကြောင့် ခင်ဗျားမျက်ရည်ကျတာကျုပ်မခံစားနိုင်လို့ပါ

" အဲ့တာဆို မင်းဘာလို့ လော်စပီကာကြီးနဲ့အော်ပြီး အဖြေတောင်းလဲ မင်းအဲ့လိုလုပ်လိုက်တော့ ရွာထဲကလူတွေ အကုန်သိသွားပြီး

"သိတော့ ဘာဖြစ်လဲဗျာ နောက်ကျ မဂ်လောင်တောင်ဆောင်အုံးမှာဘဲကို

" မင်းပြောပြန်ပြီးလား ဟမ်း

"ဖြန်းဖြန်း

"တော်ပြီးဆက်မရိုက်နဲ့တော့ လက်တွေနာနေမယ်

ပြောပြီးသူလက်ကလေးကို ဆုပ်ကိုင်တော့ ရုန်း၏ ခွပ်ဒေါင်းတင်းတင်းဆုပ်ကိုင်လိုက်တော့မှာ မရုန်းတော့ဘဲ ကျန်တဲ့လက်တစ်ဖက်နဲ့ မျက်ရည်တွေကိုသုတ်နေ၏

"မျက်နှာတွေအတင်းမပွတ်နဲ့ နီရဲကုန်မယ်

နွေဦးဘာမြှပန်ပြောမနေတော့ဘဲ မျက်စောင်းထိုးပစ်တော့ သူကရီသည်

"မင်းဘာရီတာလဲ

"ချစ်စရာကောင်းလို့ ရီတာပါ

"ရွတ်

နွေဦးလက်ဖမိုး‌ကို ငုံနမ်းပစ်ပြီး စပ်ဖြီးဖြီးလုပ်နေသည်။ ရုပ်ကိုက အဖြေပေးချင်စရာ နည်းနည်းမှမကောင်း

" ကျုပ်ကိုချစ်လားပြောပါအုံး

"မချစ်ဘူး

"ရွတ်

ပူနွေးသွားတဲ့ ပါးပြင်ကို လက်နဲ့ အုပ်ကိုင်ပြီး သူကိုကြည့်တော့

"မချစ်ဘူးပြောလို့  ထပ်ပြောရင်ထပ်နမ်းအုံးမှာ

"မင်းမင်းအရမ်းယုတ်မာတာဘဲ

" ကျုပ်ဘာမှ မယုတ်မာရသေးဘူး မဂ်ဦးညကျမှ ယုတ်မာမှာ အဲ့ကျမှ ယုတ်မာတယ်ပြော

သူကတော့ မရှက်ပေမဲ့ နွေဦးမှာတော့ ရှက်လွန်းလို့ မျက်နှာကို တွင်းထဲသာ ထည့်ထားလိုက်ချင်သည်။ ဘယ်လိုစကားမျိုးမဆို သူကမပြောရဲတာကိုမရှိ ပြောလိုက်ရင်လဲ ရှေ့လဲမကြည့် နောက်လဲမကြည့် အဲ့လိုလူမျိုးကို နွေဦးဘယ်လိုအဖြေပြန်ပေးရပါလိမ့်

ဒေါင်းWhere stories live. Discover now