Extra 1

32.8K 1.9K 35
                                    

Unicode

လက်ထပ်ပြီးနောက်
__________________________________

လက်ထပ်ပြီး ဒုတိယမြောက်နှစ် နွေဦးပိုင်းမှာတော့ ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့မိသားစုအိမ်ပြောင်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယန့်ယန့်က တစ်နေ့တစ်ခြား အရွယ်ရောက်လာသည့်အပြင်ကို ကောင်ငယ်လေးနှစ်ယောက်ရဲ့ သတ်တိုင်းပုတ်တိုင်း၊ ပြေးတိုင်းလွှားတိုင်း ကစားနည်းတွေအတွက် အရင်အိမ်က လုံလုံလောက်လောက် နေရာမကျယ်ဝန်းတော့သောကြောင့်ပင်။ သူတို့နှစ်ယောက် ရှုခင်းသာယာပြီး ကလေးတွေဆော့ဖို့ ခြံငယ်လေးပါသည့် သုံးထပ်လုံးချင်းဗီလာဆီပြောင်းလာခဲ့ကြသည်။ 

ကျန်းမော့ချန် အလုပ်သမားတွေနဲ့ ခြံထဲ ဒန်းတွေ၊လျှောတွေဆင်နေစဥ် ယန်းချင်းချီကတော့ ချီချီနဲ့ယန့်ယန့်ကိုခေါ်ကာ သူတို့ကြိုက်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေမွေးဖို့ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ဆီခေါ်လာခဲ့သည်။

ချီချီက အမြဲတမ်းခွေးလေးတစ်ကောင်လိုချင်နေခဲ့တဲ့အတွက် သူ့ဆန္ဒကရှင်းရှင်းလင်းလင်းပင်။ 

“ သားက ဖြူဖြူသေးသေးလေးလိုချင်တာ “ 

ယန့်ယန့်ကတော့ နောက်ကနေ သံယောင်လိုက်ဖို့ တာဝန်ယူထားသည်။

“ ဟုတ်တယ် ဖြူဖြူသေးသေးလေး “ 

ယန်းချင်းချီ သူတို့နှစ်ယောက်ကိုကြည့်ကာ လှမ်းမေးလိုက်သည်။ 

“ သားတို့နှစ်ယောက် တစ်ကောင်မွေးချင်လား နှစ်ကောင်မွေးချင်လား “ 

ယန်းချင်းချီနဲ့ချီချီ မျက်လုံးကြီးနဲ့ မျက်လုံးသေးလေး အကြည့်ချင်းစုံသွားကြကာ တော်တော်လေးကြာမှ ယန်းချင်းချီက အကြံပေးလာသည်။ 

“ အရင်ဆုံး တစ်ကောင်ပဲ မွေးရအောင်ပါ သားတို့နှစ်ယောက် အတူတူ ဂရုစိုက်ကြပေါ့ “ 

ချီချီ ခေါင်းငြိမ့်ပြကာ 

“ ဟုတ်ပြီ “ 

ယန့်ယန့်ကလည်း နောက်ကနေသံယောင်လိုက်ဖို့မမေ့။ 

“ ဟုတ်ပြီ “ 

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now