Extra 2

14.3K 1.5K 59
                                    

Unicode

လက်ထပ်ပြီးနောက် (2)
________________________________

ယန်းချင်းချီ ပိုက်ဆံရှင်းလိုက်ကာ Samoyedသေးသေးလေးပါသည့် လှောင်အိမ်နဲ့ အိမ်ကိုမပြန်ခင်အထိ ဆိုင်ရှင်အား ဆောင်ရရှောင်ရမည့်အချက်အချို့ကို မေးကြည့်လိုက်သည်။ ချီချီကတော့ ထိုsamoyedလေးကို တော်တော်လေး သဘောကျနေပုံပေါ်သည်။ သူ့ခင်ဗျာ လှောင်အိမ်သံတိုင်​ကြားကနေ ခွေးလေးကို မကြာမကြာ လှမ်းလှမ်းကြည့်ကာ ပြုံးပြရတာအမော။ Samoyedလေးကလည်း တော်တော်လေး သန္ဓေကောင်းသည်။ ချီချီ့ကို မျက်ဆံနက်နက်လေးများဖြင့် လိုက်ကြည့်နေကာ လမ်းတစ်လျှောက်လုံး မအီ၊မဟောင်ပဲ အိမ်ကို လိမ်လိမ်မာမာလေးလိုက်လာခဲ့သည်။

ယန့်ယန့်တစ်ယောက် ခြံထဲဝင်ဝင်ချင်း ကျန်းမော့ချန်ကို တွေ့သည်နှင့် လှုပ်တုပ်လှုပ်တုပ်ဖြင့် သူ့အဖေဆီပြေးသွားကာ ခြေထောက်ကိုလှမ်းဖက်ပြီး ပျော်ပျော်ရွှင်ရွှင်ခေါ်လာသည်။

'' ပါးပါး! ''

ကျန်းမော့ချန် အခုလေးတင်မှ လောလောလတ်လတ်ဆင်ပြီးသွားသည့် စီးဆောကိုကြည့်ကာ ယန်းချင်းချီနဲ့ကလေးတွေ ပြန်အလာကို စောင့်ပြီး ကလေးနှစ်ယောက်ကိုမဆော့ခိုင်းခင် သူတို့အရင်စမ်းကြည့်ရမည်ဟု တွေးနေတုန်းမှာပဲ ယန့်ယန့်က သူ့ဆီပြေးလာပြီး 'ပါးပါး' ဟုခေါ်သံကို ကြားလိုက်ရလေသည်။ သူ့ပေါင်ကို မျှော့လိုဖက်တွယ်ထားသည့် ကလေးလေးကိုပြန်ပွေ့ဖက်ရင်း စနောက်လိုက်သည်။

'' ပါးပါးကိုပြန်တွေ့ရတာ အဲ့လောက်တောင်ပျော်သလား ''

ယန့်ယန့်ကလည်း ခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြကာ ခေါင်းလေးပြန်မော့ရင်း တီတီတာတာပြောလာသည်။

'' ပါးပါး သားတို့ ပါပီဖြူဖြူလေးဝယ်လာတယ် ''

'' ကောင်းတာပေါ့ ''

'' ဒါပေမဲ့ ပါပီလေးကြီးလာရင် စီးလို့မရဘူးတဲ့ ပါးပါး၊ ပါးပါးကပြောတယ် ပါးပါးက သားကို မြင်းပုလေး ဝယ်ပေးလို့ရတယ်တဲ့ ''

ယန့်ယန့်က အခုမှ အသက်၂နှစ်ခွဲပဲ ရှိသေးတာကြောင့် ဘေးပတ်ဝန်းကျင်က ဝေါဟာရတွေကို သင်ယူလေ့လာစအရွယ်ဖြစ်သည်။ သူ့အတွက်ကတော့ ပါးပါးတွေ၊ ဒယ်ဒီတွေက အဓိပ္ပါယ်အတူတူပဲဖြစ်တဲ့အတွက် ကျန်းမော့ချန်နဲ့ ယန်းချင်းချီကို ခွဲခွဲခြားခြားမခေါ်နိုင်သေးပါ။ နှစ်ယောက်စလုံးက သူ့ပါးပါးပင်။ ချီချီက အစပိုင်းမှာ ပြင်ပေးပေမဲ့လည်း သူ့အတွက်ကျတော့ ပါးပါးနှစ်ယောက်ကို ဘာလို့ခွဲခေါ်မှန်း နားမလည်သဖြင့် အခုပြောပြတုန်းမှတ်မိပြီး ခဏနေ ပြန်မေးကြည့် မမှတ်မိတော့ပါ။ ယန်းချင်းချီ ထိုအခြင်းအရာကိုမြင်တော့ သူ အဆင်ပြေသလိုခေါ်ဖို့ လွှတ်ထားလိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးက အရမ်းငယ်သေးတာကိုး။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now