Extra 23

8K 1.1K 21
                                    

Unicode

ချစ်ဖို့အကောင်းဆုံးဆိုတဲ့ Rankထဲမှာ ဘယ်ကလေးက ထိပ်ဆုံးရောက်နေသလဲ၊ ချီချီ့မွေးနေ့
________________________________

ထိုနေ့ နေ့လည်ခင်းမှာတော့ ရိုက်ကူးရေးပထမပိုင်းကို အားလုံးက မပြီးချင်ပြီးချင်ဖြင့် အဆုံးသတ်လိုက်ကြရသည်။ ကျန်းမော့ချန်၊ ယန်းချင်းချီနဲ့ ချီချီ၊ယန့်ယန့်တို့လည်း ရိုက်ကူးရေးပြီးပြီးချင်း အိမ်ပြန်လာကြလေသည်။ သူတို့အိမ်ပြန်ရောက်တဲ့အချိန်က တော်တော်လေးနောက်ကျနေပြီဖြစ်တဲ့အတွက် ကလေးနှစ်ယောက်က တစ်ဝါးဝါးသမ်းရင်း အိပ်ငိုက်နေကြသည်။ ယန်းချင်းချီ သူတို့နှစ်ယောက်ကို ခပ်သွက်သွက်လေး ကိုယ်လက်သန့်စင်ပေးလိုက်ကာ အိပ်ခန်းထဲခေါ်သွားပြီး ချော့သိပ်လိုက်လေသည်။ ယန်းချင်းချီကိုယ်တိုင်ကတော့ တစ်နေ့လုံး ကားတွေ၊လေယာဥ်တွေအဆင့်ဆင့်စီးထားရတာတောင် ပင်ပန်းနုံးချိတာမျိုးတွေ မခံစားရတဲ့အတွက် Luggageတွေဖြည်ကာ ပစ္စည်းတွေသိမ်းဖို့ပြင်လိုက်သည်။ သို့သော် ကျန်းမော့ချန်က နာရီကြည့်ပြီး အရမ်းနောက်ကျနေပြီဟု တွေးလိုက်မိတာကြောင့် သိမ်းလက်စချစေကာ ယန်းချင်းချီကို အတင်းအိပ်ယာဝင်ခိုင်းတော့သည်။

'' အရင်ဆုံး အိပ်ကြရအောင်ပါ မင်း ဒါတွေကို မနက်ဖြန်မှရှင်းလည်းရတယ် ''

ယန်းချင်းချီလည်း ဒီလိုအသေးအဖွဲကိစ္စလေးတွေဆို ကျန်းမော့ချန်နဲ့ ပြိုင်မငြင်းတတ်ပါ။ ထို့ကြောင့် ကြမ်းပြင်ပေါ် ပြဲပြဲကားကားပြန့်ကြဲနေသည့် ခရီးဆောင်အိတ်များကို ကူကယ်ရာမဲ့စွာကြည့်ပြီး မနက်ဖြန်မှပဲရှင်းတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

'' ကောင်းပြီလေ '' သူ ရယ်ရယ်ပြုံးပြုံးဖြင့် သဘောတူလိုက်သည်။

ကျန်းမော့ချန် ရက်အနည်းငယ်လောက် ရုံးမတက်ဖြစ်တဲ့အတွက် နောက်တစ်နေ့မနက်မှာတော့ နန်ချန်ကိုစောစောသွားပြီး ပျက်ထားတာတွေ ပြန်ဖြည့်ရတော့သည်။

ချီချီကလည်း ထုံးစံအတိုင်း ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းသွားသည်။ အိမ်မှာ ယန်းချင်းချီနဲ့ ယန့်ယန့်ပဲကျန်ခဲ့လေသည်။ ချီချီနဲ့ ပေါယန်က ရိုက်ကူးရေးအတွက် သုံး၊လေးရက်လောက်ကျောင်းပျက်ခဲ့တာကြောင့် သူတို့ကိုတွေ့တာနဲ့ အခန်းဖော်တစ်ယောက်စ၊နှစ်ယောက်စက သူတို့ထိုင်ခုံနားဝိုင်းပြီး လာစပ်စုကြတော့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now