Extra 18

7.6K 1.2K 59
                                    

Unicode

ကိုယ့်သေတွင်းကို ဆက်တူးနေတဲ့ တုဟောင့်ဖန်
________________________________

ယန်းချင်းချီရောက်လာတာကိုမြင်တော့ သူ့နောက်မှာ ကျောထောက်နောက်ခံရှိသွားပြီဟု ခံစားလိုက်ရတာကြောင့် ချီချီ ယန့်ယန့်ကိုဖက်ထားရင်း ယန်းချင်းချီအား ပြန်ရှင်းပြလာသည်။

'' ယန့်ယန့်က ယုန်လေးကို ဒီနားမှာထားခဲ့တာ သားတို့ပြန်လာယူတော့ တုလိလိက သူကောက်ရတယ်လို့ပြောပြီး ယန့်ယန့်ကိုပြန်မပေးချင်တော့ဘူး အားလုံးအတူတူမွေးကြမယ်လို့ပဲပြောတယ် ''

ယန့်ယန့်ကလည်း ယန်းချင်းချီကိုကြည့်ပြီး စိတ်ဆိုးတကြီးပြောလာသည်။

'' သားဟာ သားနဲ့ကောကောနဲ့ပဲမွေးမှာ! ''

ဘာတွေဖြစ်နေမှန်းနားလည်သွားတာကြောင့် ယန်းချင်းချီ တုလိလိကိုကြည့်လိုက်သည်။ တုလိလိကလည်း ယန်းချင်းချီဆီကနေ အကြည့်ခံလိုက်ရတော့ ကလေးပီပီ အနည်းနဲ့အများ ထိတ်လန့်သွားလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်ပဲဖြစ်နေသေးတာကြောင့် လူကြီးတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ကြောက်စိတ်ဝင်လာတတ်တာကတော့ သဘာဝပင်။ သို့သော် သူမက အိမ်နဲ့ကျောင်းမှာ အစေခံတွေ၊အတန်းဖော်တွေကို ဗိုလ်ကျလေ့ရှိတာကြောင့် ယန်းချင်းချီစိုက်ကြည့်နေလည်း ယန့်ယန့်ကိုယုန်ပြန်မပေးပဲ ခေါင်းမာစွာဆက်ပိုက်ထားရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြန်ကြည့်နေသည်။

ဟိုးအစပိုင်းကတည်းက ယန်းချင်းချီ ဒီကလေးမကိုသဘောမတွေ့ခဲ့ပေ။ တုလိလိတို့မိသားစု ချောင်ဟုန်ဟွေးတို့အိမ်နဲ့ လဲခဲ့တဲ့အချိန်တုန်းကလည်း တုလိလိက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ပြောဖို့တောင်တွန့်ဆုတ်နေပြီး သင်ပြတဲ့အမေကိုလည်း အာရုံနောက်ဖို့ကောင်းတယ်ဟု ငြူစူခဲ့သည်။ ထိုအဖြစ်အပျက်ကိုမြင်ကတည်းက ဒီကလေးမအပေါ် အမြင်ကောင်းတွေမရှိခဲ့သဖြင့် ချီချီကို အတူတူမဆော့ဖို့တောင် မှာခဲ့သေးသည်။ သို့သော် မမျှော်လင့်ထားခဲ့သည်မှာ ကိုယ်က တောင်ရှေ့သွားမရပ်ပေမဲ့ တောင်က ကိုယ့်ရှေ့လာရပ်သလိုမျိုး ပြဿနာက အိမ်တံခါးကိုလာခေါက်လိမ့်မည်ဟုပင်။ ယန်းချင်းချီ တုလိလိကိုကြည့်ရင်း ဒီကလေးက အရမ်းကြီး အလိုလိုက်ခံထားရတာပဲဟု တွေးလိုက်မိသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now