Extra 19

7.7K 1.2K 15
                                    

Unicode

စီအီးအိုကျန်း : ငါ့မှာ အဲ့လိုအရည်အချင်းရှိမရှိ မင်းစောင့်ကြည့်လိုက်လေ
________________________________

'' ယောကျ်ားတွေကိုကြိုက်တဲ့ မင်းသားတစ်ယောက်ကများ '' တုဟောင့်ဖန် ကျန်းမော့ချန်ကိုကြည့်ပြီး ဝေဖန်လာသည်။ '' ငါ့ရှေ့မှာ ငါ့မိသားစုကိုဝေဖန်ရအောင်၊ ငါ့စိတ်ဓာတ်ကိုရှုံ့ချရအောင် မင်းမှာဘာအရည်အချင်းတွေရှိလို့လဲ မင်းကဘာကောင်ကြီးမို့လို့လဲ! မင်းကိုယ်မင်း စောက်ကျိုးနဲ အထင်ကြီးလွန်းနေတာပဲ! ''

ကျန်းမော့ချန် တစ်ဖက်လူကို တည်ငြိမ်သည့်အမူအရာဖြင့် ပြန်ကြည့်နေလိုက်ကာ

''ငါ့မှာ ဘာအရည်အချင်းရှိသလဲလို့ မေးလိုက်တယ်ပေါ့? ''

'' ငါတို့နှစ်ယောက်လုံးက ဒီshowထဲဝင်ရိုက်ပေးဖို့ အဖိတ်ခံထားရတဲ့လူတွေချည်းပဲ ငါကမင်းတို့အနုပညာလောကထဲဝင်လာမဲ့လူမဟုတ်တဲ့အတွက် မင်းကဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်နေလည်း စိတ်မဝင်စားဘူး မင်းဘယ်လောက်ထိ နာမည်ကြီးနေသလဲ စိတ်မဝင်စားဘူး အခြားလူတွေကတော့ အနုပညာလောကထဲရပ်တည်နိုင်ဖို့ မင်းကိုမျက်နှာသာပေးကောင်းပေးလိမ့်မယ် ဒါပေမဲ့ ငါလိုလူကတော့ ဘယ်သူ့မျက်နှာမှထောက်စရာအကြောင်းမရှိဘူး ''

'' ဒါဆိုရင်တော့ မင်းငါ့ကို လျှော့တွက်လွန်းအားကြီးသွားပြီ ''

'' ဘာလဲ မင်းကငါ့ကိုဒီshowကနေ နှင်ထုတ်နိုင်လိမ့်မယ်လို့ထင်နေတာလား မင်း တကယ်ကြီးငါ့ကို နှင်ထုတ်နိုင်စွမ်းရှိရင် မင်းကို အရည်အချင်းရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်ပေးလိုက်မယ် ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မင်းမှာ အဲ့လိုအစွမ်းအစမျိုးမရှိဘူး ''

ကျန်းမော့ချန် ထိုစကားကြားကြားချင်း နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကွေးတက်သွားကာ ချောမောသည့်မျက်နှာထက် ခပ်မဲ့မဲ့အပြုံးလေးပေါ်ပေါက်လာသည်။

'' ဒါဆိုလည်း ငါ့မှာအဲ့လိုအရည်အချင်းရှိမရှိ မင်းစောင့်ကြည့်လိုက်လေ ''

သူ ထိုသို့ပြောပြီးတာနဲ့ သူတို့နှစ်ယောက်အငြင်းပွားနေတာကို မလှမ်းမကမ်းကနေ ရင်တုန်ပန်းတုန်အမူအရာဖြင့် ရပ်ကြည့်နေသော ဒါရိုက်တာဘက်လှည့်လိုက်ကာ အနားကိုလျှောက်သွားပြီး ညင်သာသော်ငြား ငြင်းဆန်ခွင့်မရှိသည့် လေသံမျိုးဖြင့်

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now