Extra 21

8.6K 1.1K 14
                                    

Unicode

တုဟောင့်ဖန်ရဲ့အချိန်လွန်မှရတဲ့နောင်တ၊ ပိုးစုန်းကြူးသွားကြည့်ကြရအောင်
______________________________

တုဟောင့်ဖန်ထွက်သွားတဲ့နေ့မှာပဲ 《 The Family 》တရားဝင် Weibo Pageကနေ တုဟောင့်ဖန်နှုတ်ထွက်သွားသည့်အကြောင်းကို အကြောင်းပြချက်ရေရေရာရာမပေးပဲ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့် အစီအစဥ်ထဲကနေနှုတ်ထွက်သွားပါသည်ဟုသာ တိုတိုတုတ်တုတ်စာကြောင်းများဖြင့် အကြမ်းဖျင်းဖော်ပြခဲ့သည်။ ထိုကြော်ငြာချက်က အင်တာနက်သုံးသူတွေကို သို့လော သို့လော ဖြစ်သွားစေကာ အားလုံးက ဘာလို့ ရုတ်တရက်ကြီး နှုတ်ထွက်သွားရတာလဲ။ ဘယ်လိုအရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိနေလို့ စ,စရိုက်တဲ့နေ့မှာပဲ နှုတ်ထွက်သွားရတာလဲ။ ရိုက်ကူးရေးလုပ်ဖို့အဆင်မပြေလည်း မရိုက်ခင်ကတည်းကမထွက်ပဲ ဘာလို့အခုမှထွက်သွားရတာလဲ။ ဟု ဝေဖန်လာကြသည်။

[ သူတို့ ဘာလို့ရုတ်တရက်ကြီးထွက်သွားရတာလဲ ရိုက်ကူးရေးအစီအစဥ်တွေက တစ်ခုခုမှားနေလို့များလား ]

[ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိနေရင် ဒီထဲကို အစကတည်းက ဝင်မရိုက်သင့်တာမဟုတ်ဘူးလား အဲ့အစီအစဥ်ထဲဝင်ရိုက်တာဖြင့် နှစ်ရက်ပြည့်တော့မယ် ဘာလို့အခုမှထွက်သွားရတာလဲ မဟုတ်မှ ရိုက်ကူးရေးလုပ်နေတုန်း ပရိုဂရမ်အဖွဲ့နဲ့ပြဿနာတက်လို့များလား ]

သူတို့ဘယ်လောက်ပဲလျှောက်မှန်းနေကြပါစေ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့ကြောင့် ထွက်ရတယ်လို့တော့ ဘယ်သူမှမမှန်းမိကြပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့အတွက် ထိုမိသားစုနဲ့ မဆိုင်ရေးချမဆိုင်နိုင်ဘူးဟုသာ သတ်မှတ်ထားကြသည်။ ဒါရိုက်တာကျန်လည်း Weibo Pageကိုင်ထားသည့် တာဝန်ရှိသူရှောင်လင်ကို ကွန်ပျူတာရှေ့ကနေ တစ်စက်ကလေးတောင်မခွာခိုင်းထားပေ။ တုဟောင့်ဖန်နဲ့ကောဇီယင်းတို့ Weiboပေါ် တခုခုပြောလာမှာကို စိုးရိမ်တဲ့အတွက် ထိုနှစ်ယောက်ကို မျက်ခြေမပြတ်စောင့်ကြည့်ခိုင်းထားလေသည်။ သို့သော် တနေကုန်တဲ့အထိ တုဟောင့်ဖန်က Weiboပေါ် ဘာဆိုဘာမှမတင်လာပါ။ ဒါရိုက်တာကျန်တစ်ယောက် ဒီအခြေအနေက နည်းနည်းလေးထူးဆန်းနေတယ်ဟု ထင်မိပေမဲ့လည်း သူမ မပေါ့ဆရဲတာကြောင့် ရှောင်လင်ကိုသာ တချိန်လုံးစောင့်ကြည့်ခိုင်းထားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now