Announcement

5K 822 60
                                    

တာ့ကျား မတွေ့တာကြာပြီ

မပြောဘူးလုပ်ထားပေမဲ့လည်း တချို့က မပြောရင်မသိကြလို့ ပြောရဦးမယ်။ nini အရင်က ၂ပတ် တစ်ပိုင်းလို့ပြောထားပေမဲ့ အခုဘာလို့ဆက်တိုက် updateနေလဲသိလား။ ဘာလို့လဲဆိုတော့ nini ဘာသာပြန်နေတဲ့ extraတွေကို clickပြီးဖတ်ဖို့ ouo linkလုပ်ပေးတဲ့ Pageကရပ်နားသွားပြီ။ သူတို့က Pageဆက်မrunတော့ဘူးတဲ့။ အဲ့ဒါနဲ့ niniလည်း နှစ်ပတ်တစ်ပိုင်းမတင်တော့ပဲ အလျဥ်းသင့်ရင်သင့်သလို အပိုင်း၃၀လုံးပြီးသွားအောင် ဆက်တိုက်တင်ပေးမယ်ပေါ့။ တစ်နေ့ဘယ်နှစ်ပိုင်းတင်တာတွေ ဘယ်နှစ်ရက်မှ ဘယ်နှစ်ပိုင်းတင်တာတွေက Just Depend on my moodပဲ ဒီလကုန် အပြီးတင်ပေးဖို့တော့ စိတ်ကူးရှိတယ်

ပြဿနာက ထပ်တင်ပေးပါဦးတို့ နောက်တစ်ပိုင်းဖတ်ချင်နေပြီ တင်ပေးပါတို့ မန့်တဲ့ စာဖတ်သူတို့ပဲ အခုပဲတင်လိုက်တာကို အသက်တောင်မရှူရသေးဘူး သူတို့ကနောက်တစ်ပိုင်းဖတ်ချင်သေးတယ်တဲ့လား။ ဟိုးအရင် Main storyကို တစ်နေ့တစ်ပိုင်းupကတည်းက အဲ့လိုမန့်တွေတွေ့ရင်အမောဆို့တယ် မင်းတို့ voteမပေးချင်နေပါ၊ comments မရေးချင်နေပါ အဲ့လိုကထော်ကနမ်းတွေဝင်ဝင်မရေးကြပါနဲ့ အဲ့လိုတွေဝင်ရေးမဲ့အစား niniတင်ပေးလိုက်တဲ့အပိုင်းဖတ်ပြီးဘာမှမပေးမရေးပဲ ပြန်ထွက်သွားတာက ပိုပြီးကူညီရာရောက်တယ် စိတ်လည်းချမ်းသာတယ် ဘာသာပြန်တယ်ဆိုတာလွယ်တယ်များမှတ်နေလား ဖန်တရာထေနေတဲ့စကားတွေလည်းမပြောချင်တော့ဘူး အချိန်လေးလယူပြီး ဘာသာပြန်ခဲ့တဲ့အပိုင်း၃၀မို့ အခုလို တစ်ခါup ၃ပိုင်း ၄ပိုင်း upနိုင်တာပေါ့ အရင်လို တစ်ပိုင်းရေးပြီးတစ်ပိုင်းupလိုက်တာကို လာပြောကြည့်ပါလား ဒေါသကဒီ့ထက်ပိုထွက်ဦးမယ် အမြဲတမ်း ဘာသာပြန်သူတွေရဲ့အခြေအနေမကြည့်ပဲ ကိုယ်ဖတ်ချင်တာပဲသိတဲ့ စာဖတ်သူများ respectရှိပါလို့ ဘာသာပြန်သူတွေကလည်း လူပါ စက်ရုပ်မဟုတ်ဘူး ဒီတစ်ခါပဲ mentတွေလိုက်ဖျက်မှာ နောက်တခါ muteပါ muteပစ်မှာစိတ်ရှုပ်မခံဘူး

ကောင်းကောင်းမွန်မွန်ဖတ်နေတဲ့လူတွေကိုအားနာပါတယ် အဲ့မထော်မနမ်းတွေကတော့သိအောင်ပြောထားမှဖြစ်မယ် မဟုတ်ရင် သူတို့mentတွေမြင်တိုင်းစိတ်တိုလို့

ပြီးတော့ ဝေ့လန်တို့ Extra 68ပိုင်း တစ်ခါထဲ ကြိုပြောလိုက်ပါမယ် မရေးရသေးပါဘူး! မရေးရသေးပါဘူး! မရေးရသေးပါဘူး! ကြေငြာထားလည်းကြေငြာထားတဲ့စာကိုမဖတ်ကြဘူးတော် ဘယ်လိုလူတွေလဲမသိဘူး ပြီးတော့ nini ဘာသာဆက်မပြန်တော့ဘူး ကိုယ်လုပ်ထားတဲ့အလုပ်အပြီးသတ်ချင်လို့သာ အခုထိသံယောဇဥ်အမျှင်တန်းနေတာ ဒီ၆၈ပိုင်းကလွဲ ကျန်တာမပြန်တော့ဘူး ဒါကပြန်ဖို့တွေးထားတဲ့အတွက် အားတာနဲ့ပြန်ပေးမှာ အခုထိတော့အပိုင်း၁ကနေမတက်သေးဘူး။ အဲ့ဒါကြောင့် တခြားသော pageတွေ groupတွေမှာ ဒီExtraလေးဘာသာဆက်ပြန်မဲ့လူမရှိကြဘူးလားဟင် ဒါလေးနောက်တယောက်ပြန်ပေးကြပါလို့ မေးထားတဲ့ postများတွေ့ရင် ဂုဏ်ယူဝမ်းမြောက်စွာနဲ့အကုန် unပြီး bye byeလုပ်သွားမှာပါ မင်းတို့ဆက်ပြန်စေချင်တဲ့လူကိုပဲ အစအဆုံးအကုန်ပြန်ခိုင်းကြပေါ့။ အဲ့လို postမတွေ့သေးသရွေ့ကတော့ ဝေ့လန်တို့Extraလာပါ့မယ် ခဏစောင့်ပါ။

ဒါပါပဲ ကျေးဇူးတင်ပါတယ်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now