Extra 20

8.1K 1.3K 22
                                    

Unicode

Variety Showမှ ထွက်သွားရသော တုမိသားစု
_______________________________

တုဟောင့်ဖန်နဲ့ ကောဇီယင်းလည်း အစီအစဥ်ထဲက နှုတ်ထွက်ရတော့မည်ဆိုသည့် သတင်းကိုကြားကြားချင်း နှစ်ယောက်စလုံး အံ့အားသင့်သွားကြကာ ကောဇီယင်းတစ်ယောက် ဘာတွေဖြစ်နေမှန်းနားမလည်သဖြင့်

'' ကျွန်မတို့ကို ဘာလို့ ရုတ်တရက်ကြီးထွက်ခိုင်းရတာလဲ ''

တုဟောင့်ဖန်က မကျေမနပ်ရုပ်ဖြင့် နှာမှုတ်လိုက်ကာ

'' ငါ မှတ်မိသလောက်ကတော့ ဒီရှိုးအတွက်စာချုပ်မှာလက်မှတ်ထိုးတုန်းက ငါတို့မိသားစု ရိုက်ကူးရေး ၆ခါလုပ်ရမယ်လို့ ပါထားတယ်လေ ဟုတ်တယ်မလား ''

''တကယ်လည်း အဲ့လိုပါပါတယ် ဒါပေမဲ့ စာချုပ်မှာလက်မှတ်ထိုးတုန်းက ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ရမယ် တခြားမိသားစုတွေနဲ့ အဆင်ပြေပြေ သင့်သင့်မြတ်မြတ်နေနိုင်ရမယ်ဆိုတဲ့ အချက်တွေလည်း ရှင်းရှင်းလင်းလင်းပါထားပြီးသားပါ ဒါပေမဲ့ ရှင်တို့မိသားစုက တခြားမိသားစုတွေနဲ့ သင့်မြတ်အောင်မနေနိုင်ခဲ့ပါဘူး အဲ့ဒါကြောင့် စာချုပ်ကို ရှင်တို့ဘက်ကအရင်ချိုးဖောက်ခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့ဘက်ကလည်း ဆုံးရှုံးမှုကို အချိန်မှီဟန့်တားနိုင်အောင် ရှင်တို့မိသားစုကို ဒီအပိုင်းကနေစပြီး နှုတ်ထွက်ခိုင်းရပါလိမ့်မယ် ''

တုဟောင့်ဖန် မျက်မှောင်ကြုံ့သွားကာ

''တခြားမိသားစုနဲ့တည့်အောင်မနေဘူးဆိုတဲ့စကားက ဟိုမင်းသားနှစ်ယောက်မိသားစုနဲ့ တည့်အောင်မနေနိုင်တာကို ပြောတာလား ''

ဒါရိုက်တာကျန်က သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်ရင်း

'' အခုမှဒါတွေပြောနေလည်းအပိုပါပဲ ကိစ္စတွေက ဒီအထိဖြစ်သွားပြီးပြီဆိုမှတော့ ရှင်တို့နှုတ်ထွက်လိုက်ပါတော့ ''

'' မလွန်လွန်းဘူးလား '' ဘာမဟုတ်သည့်ကိစ္စကို ပုံကြီးချဲ့လွန်းနေသည်ဟု ခံစားလိုက်ရတာကြောင့် တုဟောင့်ဖန် မကျေမနပ်ပြောလာသည်။ '' သူတို့မိသားစုက နတ်ဘုရားတွေလား သူတို့နဲ့မတည့်တဲ့မိသားစုတိုင်း ထွက်ရမယ်ဆိုရအောင် ဘာလဲ ဒီအစီအစဥ်က သူတို့မိသားစုပိုင်တာလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now