အပိုင်း ၄

9.5K 186 0
                                    

အပိုင်း ၄

မင်းတိမ်ယံဆိုတဲ့ကျတော့်ဘဝမှာ အချစ်ဦးကလဲသူဘဲ အချစ်ဆုံးကလဲ သူဘဲ သူတစ်ယောက်ထဲ ရှိခဲ့တယ်

ဆည်းဆာဦးဆိုတဲ့ကောင်မလေးပေါ့ အလယ်ကတန်းက ခိုးပြီးCrushခဲ့ရတယ်
ဒါပေမဲ့ ကျတော်သူ့ကိုဖွင့်မပြောရဲခဲ့ဘူး

ကျတော်လို အပေတေကောင်က သူ့လိုချမ်းသာပြီး ဂုဏ်ရှိတဲ့သူနဲ့ သူငယ်ချင်းအဖြစ်နဲ့သာရှိနေရုံနဲ့ ကျေနပ်ခဲ့တယ်

ဒါပေမယ့် ကံကြမ္မာက ကျတော့်ကိုမျက်နှာသာပေးခဲ့တယ် တက္ကသိုလ်တူတူတက်ရင်း သူနဲ့ကျတော်ချစ်သူတွေဖြစ်ခဲ့ကြတယ်

သူ ကျတော့်ကိုအချစ်ကိုလပ်ခံတဲ့နေ့ကစပြီး ကျတော့်ရဲ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ခဲ့တယ် သူ ကျတော်ကြောင့် မျကိနှာငယ်ရမှာစိုးလို့ပေါ့

ဆေးလိပ်သောက်တယ် ရန်ဖြစ်တယ် ဒါကျတော့်အကျင့်ဆိုးတွေဘဲ နောက်ပီး ကျတော့်အမေကတစ်ခုလပ် ဆင်းရဲတယ် အိမ်တောင်မှငှားနေရတဲ့ဘဝ

အဲ့လိုကျတော့ဘဝကို သူမကနားလည်မှုအပြည့်ဝနဲ့ ချစ်ပေးခဲ့တယ် ၅နှစ်ကြာအောင်ပေါ့

" ဒီတစ်ပတ်ကျ မောင်တို့Anniနော် လျှောက်လည်ကြမလား "

"လျှောက်လည်ချင်ပါတယ် ဒါမဲ့ တီလေးကိုကြောကိတယ် မောင် ဆည်းဆာမပြောရဲဘူး"

"ခိုးထွက်လာခဲ့လေ "

"ဘယ်လိုထွက်မလဲ"

"လွယ်လွယ်လေး သူငယ်ချင်းနဲ့လျှောက်လည်မလို့လို့ ပြောလိုက်လေ "

"မယုံလောက်ဘူး မောင်"

"ယုံပါတယ် ပြောကြည့်လိုက်ပါ "

"အင်း ကြိုးစားကြည့်မယ် "

အဲ့နေ့ ကျတော်တို့ချိန်းတဲ့နေရာကို ကျတော်သွားမလို့လုပ်နေတုန်း သူ့ဆီကMessageဝင်လာခဲ့တယ်

(မောင် အဲ့နေရာမှာ တွေ့ဖို့အဆင်မပြေဘူး
****ကိုလာခဲ့ စာလဲထပ်မပို့တော့နော် တီလေးစောင့်ကြည့်နေလို့ )

သူ့ဆီကအဲ့လိုစာဝင်လာပီး သူပြောတဲ့အတိုင်း ကျတော် အဲ့နေရာကိုပြောင်းသွားခဲ့တယ် သိပ်မကြသိပ်မကြာခင်မှာဘဲ ကျတော်ရှေ့ကိုရောက်လာတဲ့ကားတစ်စီး

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Where stories live. Discover now