အပိုင်း ၁၃

5.1K 133 7
                                    

အပိုင်း ၁၃

"ဆရာ ကျတော်တို့ Hotelကိုဘဲတန်းသွားမလား ဘယ်သွားအုန်းမလဲဗျ "

"မင်းကိုငါစုံစမ်းခိုင်းထားတာ ရပြီလား"

"ဟုတ်ကဲ့ ရပါပြီ အဲ့ကိုသွားမလို့လား ဆရာ"

"အေး အဲ့ကိုအရင်သွားလိုက် ပြီးမှ Hotelသွားကြမယ် "

"ဟုတ်ကဲ့"

အိမ်တအိမ်ရှေ့ရောက်တော့ တိမ်ယံ ကားပေါ်က ဆင်းကာ

"ဒီအိမ်လား "

"ဟုတ်ပါတယ် ဆရာ "

တိမ်ယံ အိမ်ရှေ့ကိုလျှောက်သွားရင်းအပေါ်ထပ်ဝရံတာမှာအဝတ်ရုတ်နေတဲ့ ဆည်းဆာကိုလှမ်းကြည့်မိလေသည်။

(မင်းကအရင်လိုလှနေတုန်းဘဲ ဆည်းဆာ
မင်းအဆင်ပြေနေတယ်ဆို မောင်ကျေနပ်ပါတယ် )

"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ "

အ​ငြ်ကပြန်လာတဲ့ရောင်နီက အိမ်ရှေ့မှာရပ်ကြည့်နေတဲ့တိမ်ယံကို မေးလေသည်။

"အော် ဆောတီး သား အန်ကယ် အိမ်မှားသွားလို့ ကြည့်နေမိတာ"

"ဟုတ်ကဲ့ဗျ အန်ကယ် ဘယ်သူ့အိမ်ရှာတာလဲဗျ"

"ဟို ဒေါ်မာလာအိမ်ပါ"

"ဒေါ်မာလာ ဒီလမ်းမှာဒေါ်မာလာဆိုတာမရှိဘူးဗျ "

"ဟူတ်လား ကျေးဇူးဘဲနော် သား "

"ဟုတ်ကဲ့ ရပါတယ်ဗျ"

(ဒီကောင်လေးကို အရမ်းရင်းနှီးနေသဘယလိုဘဲ)

တိမ်ယံ ရောင်နီကိုကြည့်ပြီး စိတ်ထဲကရေရွတ်လိုက်မိသည်။

ပြီးတာနဲ့ ချက်ချင်းဘဲ ကားဆီသို့ပြန်လာကာ

"ဆရာ ဝင်မတွေ့တော့ဘူးလားဗျ"

"အင်း အချိန်မတန်သေးဘူး သွားရအောင် "

"ဟုတ်ကဲ့ "

တိမ်ယံ ကားထဲကိုဝင်လိုက်လေသည်။

%%%%%%%%%%%%%%%%

"မေမေ မနက်ဖြန်ကျ ဆိုင်သွားမှာလား"

"အင်း မေမေမသွားတော့ဘူး အန်တီသက်ထားကိုဘဲလွှဲထားတယ် "

"အော် "

"ရော့ ဒီမှာ နင်မှာလိုက်တာတွေ "

ရောင်နီ ကျွတ်ကျွတ်အိတ်ထုပ်ကို ညီမထံပစ်ပေးလိုက်လေသည်။

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Where stories live. Discover now