အပိုင်း ၁၁

5.4K 119 3
                                    

အပိုင်း ၁၁

"မင်္ဂလာပါရှင့် Nilar fmမွ အသံလွှင်နေပါတယ် ဒီနေ့ရဲ့ ခံစားနားဆင်တေးသံစဉ် အစီအစဉ်မှာဆိုရင်တော့ အချစ်ဦးနဲ့ပက်သက်တဲ့သီချင်းလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင့် ခံစားနားဆင်ပေးကြပါအုန်းရှင် "

"ဒါပုံပြင်လေးပါ တကယ်ကြေကွဲရ ရင်ခုန်သံဖူးသစ်အရွယ်မှာငါငိုခဲ့ဖူးတာ အချိန်တွေရယ်ပြောင်းလာ ကြာလေပိုဝေးသွား ဒီနာမည်မင်းမှတ်မိမှာပါ ဟိုအရင်တုန်းက
ပုံပြင်လို တို့ရဲ့အဖြစ်ပျက်ရယ် ဟိုအရင်တုန်းက ရည်းစားဦးလေးရယ် တခါတလေတော့လဲဘဲသတိရတယ် ငါ့အချစ်ဦး ရင်နာစရာလေးများရဲ့နောက်ကွယ် ဘယ်ခါမှမခွဲဘူး မင်းပြောတယ် ဒါတွေအိပ်မက်အဖြစ်လွင့်ပျောက်ကွယ် ငါ့အချစ်ဦး "

သီချင်းသံကြောင့် သူမထိုင်နေရာကနေ ထကာ ရေဒီယိုတင်ထားတဲ့စင်နားသို့ လျှောက်သွားမိလေသည်။

"အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့ဘူး အဲ့စကားကသိပ်မှန်မယ်ထင်တယ် ဆယ်စုနှစ်ကျော်ကျော်ကြာခဲ့တာတောင် သတိရမိနေတုန်းဘဲ "

ဆည်းဆာ စိတ်ထဲကနေရေရွတ်လိုက်မိသည်။

"ခုဆို မောင်ဘယ်လိုဖြစ်နေလောက်မလဲ တစ်နေရာမှာ အသက်ရှင်နေလောက်အူန်းမလား "

အဲ့အတွေးကြောင့် သူ့ကိုယ်သူရယ်လိုက်မိသည်။

"ရူးလိုက်တာ ဆည်းဆာဦးရယ် မြစ်ရေထဲကို နစ်မြှုပ်သွားတဲ့ကားက လူက အသက်ရှင်နိုင်ပါအုန်းမလား မဖြစ်နိုင်ပါဘူး တကယ်လို့ မောင်အသက်ရှင်နေသေးတယ်ဆိုရင် ငါ့ဆီပြန်လာမှာပါ ၁၆နှစ်ကျော်လောက်  အဆက်သွယ်မလုပ်တာမဖြစ်နိုင်ပါဘူးလေ "

"မေမေ "

အတွေးပေါင်းစုံနဲ့ ရှုက်ယှက်ခတ်နေသောသူမခါးကိုလာဖက်တဲ့သမီးကြောင့် ဆည်းဆာ သတိပြန်ဝင်လာသလို ဖြစ်လာလေသည်

"သမီးလေး ပြန်လာပြီလား "

"ဟုတ် မေမေကသမီးရောက်လာတာတောင်မသိဘူးလား ဘာတွေတွေးနေတာပါလိမ့် ငယ်ချစ်ဟောင်းအကြောင်းလား "

"ဒီကောင်မလေးကတော့လေ မအေကို ဘယ်လိုတွေလာပြောနေတာတုန်း "

"မီးမေမေက ချစ်ဖို့ကောင်းလို့စတာပါ"

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Where stories live. Discover now