အပိုင်း ၁၉(ဇာတ်သိမ်း )

8.6K 157 10
                                    

အပိုင်း ၁၉ ဇာတ်သိမ်း

"ဒဂုံ တိမ်ယံကော "

"အထဲမှာပါ မမလေး သတိတော့မရသေးဘူး"

"ဘယ်နေရာထိသွားတာလဲ "

"ခေါင်းပါ တခုခုနဲ့ရိုက်ခံလိုက်ရတယ်ထင်တယ် ဘာမှတော့မစိူးရိမ်ရဘူးလို့ပြောတယ်"

"တော်သေးတာပေါ့."

" မမလေးရောက်လာပြီဆို ကျတော်သွားတော့မယ် သခင်ကြီး စိတ်ပူနေမှာစိုးလို့"

"အင်း သွားလေ "

ဒဂုံ ထွက်သွားတော့ ဆည်းဆာ အခန်းထဲဝင်ကာ ကုတင်ဘေးမှာ သွားထိုင်လိုက်လေသည်။

"ဆည်းဆာ. "

"မောင် သတိရပြီလား ဘယ်လိုနေသေးလဲသက်သာလား "

"မောင် ဘာမှမဖြစ်ပါဘူး ဒါနဲ့ ကလေးတွေကော ဘာဖြစ်သွားသေးလဲ "

"ဘာမှမဖြစ်ဘူး ကလေးတွေအန္တရာယ်ကင်းပါတယ် ဒါနဲ့ အန်တီလေး ဘာဖြစ်သွားလဲ "

"သူ့ဘာသူ ခြေချော်ပြီး ပြုတ်ကျသွားတယ် သူနဲ့မောင် ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတော့ မောင့်ကို အနားကတုတ်နဲ့ရိုက်တယ် ပြီးတော့သေနတ်နဲ့ပစ်ဖို့လုပ်ရင်း သူ့ဘာသာသူ ခြေချော်ပြီး ချောက်ထဲကျသွားတယ်"

တိမ်ယံစကားအဆုဲးမှာ ဆည်းဆာ သက်ပြင်းသာချမိလေသည်

"အင်းလေ သူ့အကုသိုလ်နဲ့သူ သွားမှာပေါ့ အားလုံးပြီးဆုံးသွားတာတော်ပါသေးတယ် ဒါပေမယ့် ဆည်းဆာ စိတ်ထင့်နေတာတခုရှိတယ်"

"ဘာလဲ ဆည်းဆာ "

"ကလေးတွေကို အဖြစ်မှန်တွေဖွင့်ပြောဖို့ကိစ္စ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး"

"ကလေးတွေသိနေပီ ဆည်းဆာ ဒေါ်မြတ်သီတာ ပြောလိုက်တယ်"

"ဘယ်လို ပြောလိုက်တယ်ဟုတ်လား "

"အင်း "

%%%%%%%%%%

"သားနဲ့သမီး လန့်သွားမှာပေါ့ ရေလေးသောက်လိုက်အုန်း "

"ဟုတ်ကဲ့ "

"အန်တီသက်ထား သမီးမေးစရာရှိလို့ ​သမီးတို့အဖေက ဦးRioလား "

သက်တန့်အမေးကြောင့် သက်ထားငိုင်ကြသွားလေသည်။

"သမီး ဘယ်လိုလုပ်သိတာလဲ "

You've reached the end of published parts.

⏰ Last updated: Nov 12, 2022 ⏰

Add this story to your Library to get notified about new parts!

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Where stories live. Discover now