အပိုင်း ၉

6.3K 151 1
                                    

အပိုင်း ၉

"သားဒဏ်ရာ ဘယ်လိုနေသေးလဲ "

ဦးမင်းကျော် သားဖြစ်သူကို စိုးရိမ်တကြီးမေးလိုက်လေသည်။

"သက်သာပါတယ် ဒယ်ဒီ စိတ်မပူပါနဲတော့
သားခု သက်သာနေပါပြီ "

"ငါ့သား ခုတလောအရမ်းပျော်နေတာလား "

"ဗျာ ဘာလို့လဲ ဒယ်ဒီ "

"မျက်နှာကပြုံးရွှင်နေလို့လေ ဒီငါးနှစ်အတွင်းသားမျက်နှာက အဲ့လောက်မရွှင်လန်းဖူးဘူး "

"ဒါတော့ဟုတ်တယ် သခင်ကြီးပြောသလိုဘဲ ဆရာ့မကြျနှာကသိသိသာသာဲပွောငျးလဲလာတာ "

ဘေးမှာမတ်တပ်ရပ်နေတဲ့ဒဂုံကပါ ဝင်ထောက်ခံလိုက်တော့ တိမ်ယံမျက်နှာကြီး နီးမြန်းသွားလေသည်။

"ကျတော်မျက်နှာက အမြဲတမ်းဒီလိုပါဘဲ ဒယ်ဒီရယ် "

"တို့ဆရာကတော့ ပြောင်းလဲတာသိပ်မြန်တာ "

"ဘာ ဒဂုံ မင်း ဘာပြောတယ် "

"ဟုတ်တယ်လေ ဆရာရယ် ဆရာ ပထမဆုံးမမလေးဆည်းဆာကို ဖမ်းဖို့လုပ်ခဲ့တဲ့နေ့ကို မှတ်မိလား "

". ..."

"ငါ့ကို ဘဝပျက်အောင်လုပ်ခဲ့တဲ့မိန်းမကို မပျော်ရွင်ရအောင် ကလဲ့စားချေမယ်တဲ့ ခုတော့များကျတော့လဲ"

ဒဂုံစကားကြောင့် ဦးမင်းကျော်ပါရယ်လိုက်လေသည်။

"တော်စမ်းကွာ အဲ့တာအတိတ်မှာကျန်ခဲ့ပြီ "

"ဟင့် ဖြစ်သွားပြန်ပြီ "

ဒဂုံ တီးတိုးရေရွတ်လိုက်လေသည်။.

"ဒါနဲ့ ဒဂုံ ဂိုထောင်ဘက်ကိုကော တစ်ချက်စုံစစ်ကြည့်သေးလား "

"စစ်ပါတယ် ဆရာ ဘာဖြစ်လို့လဲဗျ "

"မဟုတ်ပါဘူး ငါသတင်းတွေကြားသလောက် ရဲတွေကအနံခံနေတယ်တဲ့ သတိထားဖို့ပြောထားအုန်း "

"ဟုတ်ကဲ့ ဆရာ "

"ဒါနဲ့ ရွှေလီကိုပစ္စည်းရောက်ပြီလား ဟိုတစ်ခေါက်က မှာထားတဲ့ဟာ"

"ရောက်ပါပြီ ဆရာ တနေ့ကရောက်တယ်လို့ ဆက်သွယ်လာပါတယ် "

"ဟုတ်ပြီ အခုရက်ပိုင်း အဝယ်တွေကို နည်းနည်းစစ် လူရင်းတွေဘဲရောင်း ကြားလား "

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Where stories live. Discover now