အပိုင်း (41)Un Zaw

2.6K 259 20
                                    

" ကိုကိုလာမယ်ဆိုတာသိလို့ မေမေက အကိုအကြိုက်တွေ ချက်ထားတာ

ဟန်ညီမလေးကိုပြုံးပြလိုက်ပြီး

" အကိုအတွက်ကြည့်ဘဲမဟုတ်လောက်ပါဘူးကွာ ညီမလေးအကြိုက်တွေလဲပါမှာပါ

" မပါလို့ ဘယ်ရမလဲ မပါရင်ညီမလေးက မေမေ့ကိုစိတ်ဆိုးမှာပါ

ဟန်ညီမလေးခေါင်းကိုပုတ်ပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။

မနက် 2နာရီလောက်ကတည်းက ကားစီးလာရတာမလို့အရမ်းကိုပင်ပန်း

လမ်းမှကားကပျတ် ပူကပူ‌ဆိုတော့တကယ်ကိုငရဲအတိုင်းဘဲ

" မေမေရေ ကိုကြီး ရောက်နေပြီ

မီးဖိုချောင်ထဲကနေ ဇွန်းခွက်ကြီးကိုင်ပြီး ‌ထွက်လာတဲ့အမေပါ

"အမေ့ကအမေ့သားကြီးကိုမျှော်လိုက်ရတာ

"သမီး သမီးအကိုအတွက် ရေလေးသွားခပ်လိုက်ပါအုံးကွယ်

"ဟုတ်ဟုတ်

ညီမလေးထွက်သွားတာနဲ့ ဟန်အမေကိုဖက်ပြီး

"သားကအမေ့ကိုလွမ်းနေတာ

"လွမ်းတယ်သာ‌ပြောတာအဆက်အသွယ်မလုပ်တာဘယ်သူလဲ

"သား မအားလို့ပါအမေရာ

ဟန်အမေကိုစိတ်ဆိုး ပြေအောင်အမေ့ပါးကိုနမ်းလိုက်ပြီး

" အမေ့ကိုနမ်းလိုက်မှ အမောကိုပြေရော

ထိုအချိန်မှာရေသွားခပ်တဲ့ညီမပြန်ရောက်လာပြီး

"ရောက်တာနဲ့ ကိုကိုတို့က အမေ့ကိုချွဲပါပြီး

" ကိုကို ညီမလေးလို အမြဲတမ်းမှမချွဲရတာ

"မင်းညီမကလဲ အမေ့ကို သူလိုချင်တာရှိမှချွဲတာပါ မဟုတ်ရင်အမေ့နားတောင်မကပ်ဘူး

"အမေကလဲကိုကြီးကိုမဟုတ်ဘဲနဲ့လျောက်ပြောနေပြန်ပြီး

ဒီလိုနဲ့သားမိသုံးယောက်သား ဧည့်ခန်းထဲမှာအလွမ်းသည်စနောက်နေကြတော့သည်။

"ဟဲ့ ညည်းတို့ဟိုသတင်းကြားပြီးပြီးလား

"ဘယ်သတင်း ဒေါ်အာကျယ်ရယ် အရင်းမရှိအဖျားမရှိ

ဒေါင်းWhere stories live. Discover now