Ep 2 (Z)

3.3K 154 2
                                    

"အငယ်ရေ့!! နောက်ကျတော့မယ်"

"လာပြီ လာပြီ... ကိုလေး!!! ကျွန်တော့်အိတ်ရော"

"အငယ့် အိတ်က ဒီမှာနော် ကိုလေးယူခဲ့ပြီ...အငယ် လူပဲ မြန်မြန်ဆင်းခဲ့တော့"

အိမ်ရှေ့အိမ်လေးဆီမှ လေးညိုနဲ့ မြသားမောင်လေးရဲ့ ဆူဆူညံညံ အသံလေးတွေကြောင့် အောင်မြင်သူ ပြုံးလိုက်မိသည်... မနက်ခင်း ကျောင်းပို့ခါနီးပြီဆို ကြားနေကျ အသံလေးတွေက အဲ့ဒီအိမ်လေးအဖို့ဆည်းလည်းသံလေးတွေ ဖြစ်ပေလိမ့်မည်... အဲ့ဒီကျောင်းဆရာ ပေါက်စလေးက လူကသာ ကျောင်းဆရာ သူ့အိမ်ကလူတွေနဲ့ ရွာက လူကြီးတွေက ခုထက်ထိ ကျောင်းသားလို့ မြင်နေကြဆဲပင်...

အချစ်ခံရဖို့ ကံပါလာတဲ့ ကလေးကို ကြည်နူးစွာ မုဒိတာပွါးမိရပါသည်... အောင်မြင်သူက အိမ်ရှေ့မှ အပင်လေးတွေရေလောင်းရန် ပြင်နေတုန်း လေးညိုတို့ ဆိုင်ကယ်လေးက တံခါးပေါက်နား အရောက်တွင် ရပ်၍နှုတ်ဆက်ကြသည်...

"အစ်ကိုရေ့ သွားပြီနော်"

"အေးအေး...ဒီနေ့လည်း နောက်ကျပြန်ပြီလားကွ"

"ဟုတ်တယ် အစ်ကိုရေ့ ကျွန်တော့်ကို ဦးလှဆောင် သတ်တော့မယ်"

"အဟားဟား"

ရွာအနောက်နားက ကျောင်းကို ဆိုင်ကယ်နဲ့ အကြိုအပို့နေ့စဉ်မပျက်မကွက် လုပ်နိုင်သော လေးညိုကိုတော့ ထူးပြီး မအံ့ဩတော့ပါ... သူတို့နှစ်ဦးရဲ့ ခိုင်မာလွန်းလှသည့် ရေစက်တွေကိုသာ အံ့ဩရပါသည်... ဆိုင်ကယ်နောက်မှာ အဖြူအစိမ်း ကျောင်းဝတ်စုံလေးနှင့် လေးညိုခါးကိုဖက်ပြီး ပါသွားသော ကျောင်းဆရာလေးကို ကြည့်ပြီး နောက်ထပ်အဖြူအစိမ်းနဲ့ တစ်ယောက်ကို မြင်ယောင်လာမိသဖြင့် ခေါင်းကို ရမ်းထုတ်ပစ်လိုက်မိသည်...

အပင်တွေကိုသာ ကြိုးစားအာရုံစိုက်ပြီးရေလောင်းနေလိုက်သည်... မလိုအပ်တော့တဲ့အတွေးတွေကို ခေါင်းထဲ အရောက်မခံတာက အကောင်းဆုံးမဟုတ်လား... လူ့စိတ်ဆိုတာကလည်း ခက်သားလား... မသိခင်ကတစ်မျိုး...သိသွားခဲ့ရတော့တစ်မျိုး...

"ဆရာ...ဆရာ"

"ဟင်"

"ဟို...ရေတွေအိုင်နေပြီ အဲ့တစ်နေရာထဲမှာ"

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now