Ep 7 (U)

11K 1.4K 181
                                    

ထွန်းနိုင် အိပ်ရာပေါ်မှာလှဲနေရင်း မျက်နှာကျက်ကို အကြောင်းမဲ့ ငေးစိုက်ကြည့်နေမိသည်။

မနေ့က နှမ်းပန်းခင်းတွေသွားကြည့်ချိန် ကိုကို့ကိုစိတ်လွတ်ကိုယ်လွတ် ပြောခဲ့မိသည်များကို တစ်ခုချင်း သေချာပြန်တွေးရင်း သက်ပြင်းကိုသာ အခါခါချနေရတော့သည်။ ထိုအခိုက် မေမေက အခန်းထဲသို့ဝင်လာသည်။

"အထွန်း နေမကောင်းဘူးလား"

"ကောင်းပါတယ် မေမေ"

မေမေက ထွန်းနိုင်မျက်နှာကိုကြည့်ပြီး ခေါင်းရမ်းသည်။

"အထွန်း မေမေ့ကို ပြောပြချင်တာရှိလား"

ထွန်းနိုင်က လှဲနေရာမှ ထထိုင်လိုက်ပြီး ခေါင်းအုံးကို ပေါင်ပေါ်သို့တင်ကာ ပိုက်ထားလိုက်သည်။ မေမေက ထွန်းနိုင်ရဲ့ မျက်နှာချင်းဆိုင်မှ ခုံတွင် ဝင်ထိုင်းပြီး မေးဆတ်ပြသည်။

"မနေ့က ကိုကိုနဲ့ ရေကြည်အေးကို ပြန်လိုက်သွားဖို့ ပြောခဲ့မိတယ်မေမေ"

"အထွန်း လိုက်သွားချင်တယ်မဟုတ်လား"

"ကိုကိုကလည်း လိုက်စေချင်တယ်"

ထွန်းနိုင်က ခေါင်းညိတ်ရင်း မေမေ့ကိုပြန်ဖြေလိုက်သည်။

"ဒါဆိုလဲ လိုက်သွားပေါ့ အထွန်းရယ်... ဘာတွေ အတွေးလွန်နေတာလဲ...မေမေ့သားလေး ပျော်ရမဲ့အချိန်ရောက်ပါပြီ"

"အားနာတယ် မေမေ"

မေမေက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ထွန်းနိုင်ရဲ့ လက်တွေကို ဆွဲယူဆုပ်ကိုင်လာသည်။

"ကိုယ့်ကိုကိုယ်ရော အားမနာဘူးလားအထွန်း"

"ဗျာ"

"အထွန်းရဲ့ ကိုကိုကတောင် အတိတ်တွေထဲက ရုန်းထွက်နိုင်ခဲ့လို့ ဒီအထိတောင်လိုက်လာခဲ့ပြီ... မေမေ့သားက အခွင့်အရေးကို ဖမ်းမဆုပ်ဘဲ နောက်ပြန်လှည့်ပြေးချင်နေတာပဲ... အထွန်း ကိုယ့်ကိုကိုယ် အားမနာရင်တောင် အထွန်းရဲ့ နှလုံးသားကိုအားနာသင့်တယ်...သူ့ခမျာ ဒီလောက်မွန်းကျပ်ရတော်ရော့ပေါ့"

ထွန်းနိုင် မေမေ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ရင်း ခေါင်းငုံ့ထားမိသည်။ မေမေက ထွန်းနိုင်မှားခဲ့တာ ဘာတစ်ခုမှမရှိဘူးဟု အမြဲပြောခဲ့သည်။ ထွန်းနိုင် မှားခဲ့ရင်တောင် မရည်ရွယ်ခဲ့ပါဘူးဆိုတာ သက်ဆိုင်သူတွေကို သိစေချင်မိပါသည်။

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now