Ep 6 (U)

10.6K 1.4K 135
                                    

"ကိုကို"

ကားတံခါးကိုမှီရပ်နေသော အထွန်းက ဟိုတယ်ထဲက ထွက်လာသော အောင်မြင်သူ့ကို မြင်တော့ အပြုံးလေးတစ်ပွင့် လက်ခနဲခြွေချကာ မတိုးမကျယ်လေးခေါ်သည်။ အောင်မြင်သူ့ရင်ထဲမှာ သိမ့်ခနဲ ကြည်နူးသွားရသည်က ထူးဆန်းစွာ။ ခံစားချက်တွေက အသစ်လို ထင်ရပေမဲ့ ရင်းနီးနေသလိုပင်။ စာတွေဖတ်ခဲ့ရတုန်းက တစ်ခုခုလိုနေသလိုဖြစ်ခဲ့ရသည့် လစ်ဟာမှုက တစ်ဖြည်းဖြည်းပြည့်လာနေပြီဟု ခံစားမိရသည်။ အောင်မြင်သူက အထွန်းရှေ့မှာ ရပ်လိုက်တော့ ပြုံးပြီးမော့ကြည့်လာသည့် မျက်နှာလေးက မနက်ခင်း နေရောင်နုနုနှင့်အတူ ကြည်စင်လို့နေသည်။

"ဒီနေ့ရော ကိုကို့ ကို ဘယ်ခေါ်သွားဦးမလဲ"

"နှမ်းပန်းခင်းတွေ သွားကြည့်ကြမယ်နော်"

"ဟုတ်ပြီ"

ကားထဲမှာ ဝင်ထိုင်ကြပြီးတော့ အထွန်းက အောင်မြင်သူ့ဘက်ကိုလှည့်ကြည့်လာကာ

"ကိုကို့ ပုခုံးက နာနေသေးလားဟင်"

"နဲနဲတော့ နာနေသေးတယ်... အထွန်း မနေ့ကလို ဆေးလိမ်းပေးဦးမယ်ဆိုရင်တော့ လုံးဝသက်သာသွားမှာ"

အောင်မြင်သူက ပြုံး၍ပြောတော့ အထွန်းက ရှက်ဝဲဝဲလေးဖြင့် တစ်ဖက်လှည့်သွားသည်။ မနေ့က အဖြစ်ပျက်ကိုပြန်မြင်ယောင်လာပြီး အောင်မြင်သူက ထပ်ပြုံးမိရပြန်ပါသည်။

မနေ့က ကမူစွန်းပေါ်မှ ပြုတ်ကျပြီးနောက် အထွန်းက အောင်မြင်သူ့ကို ဟိုတယ်သို့ပြန်လိုက်ပို့ကာ ဆေးလိမ်းပေးသည်။ ဟိုတယ်ခန်းထဲသို့ ဆေးဗူးယူကာ လိုက်လာပြီးမှ ခုတင်စွန်းမှာ တောင့်တောင့်လေး အနေရခက်ဟန်နှင့် ထိုင်နေပြီး အောင်မြင်သူက ရှပ်အင်္ကျီကိုချွတ်လိုက်တော့ မျက်လုံးလေးပြူးဝိုင်းသွားသည်။

"ဟို...မချွတ်နဲ့လေ"

"မချွတ်ရင် ဘယ်လိုဆေးလိမ်းလို့ရမှာလဲကွ"

အောင်မြင်သူက ချွတ်ထားသော ရှပ်အင်္ကျီကို ခုတင်ပေါ်သို့ပစ်တင်လိုက်ပြီး အထွန်းရှေ့မှာ ကျောပေးကာ ထိုင်ပေးလိုက်သည်။ အတန်ကြာသည်အထိ အနောက်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိသည်မို့ လှည့်ကြည့်လိုက်တော့ အထွန်းက ဆေးဗူးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အောင်မြင်သူ့ကျောပြင်ကိုထိဖို့ တွန့်ဆုတ်စွာနှင့် ငေးကြည့်နေသည်။

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now