Ep 3 (U)

10.2K 1.4K 153
                                    

မေမေက ဒီနေ့ ဘုန်းကြီးကျောင်းအလှူသို့သွားနေသောကြောင့် ထွန်းနိုင်က ဟိုတယ်သို့ရောက်နေရသည်။ ထွန်းနိုင်တို့ဟိုတယ်ဝန်းက သိပ်အကျယ်ကြီးမဟုတ်သော်လည်း တောင်တွေကြားထဲမှာ ဘန်ဂလိုအိမ်လေးများနှင့် သပ်သပ်ရပ်ရပ် နေချင်စရာတော့ကောင်းသည်။ ဟိုတယ် လော်ဘီရှိရာ ပင်မအဆောက်အဦးတစ်ခုကိုသာ နှစ်ထပ်ဆောက်လုပ်ထားပြီး အပေါ်ထပ်တွင် ရုံးခန်းများ သီးသန့်ထားရှိသည်။

ထွန်းနိုင် အပေါ်ထပ်လှေကားမှ ဆင်းလာရင်း လှေကားတစ်ဆစ်ချိုးအကွေ့တွင် ဧည့်ကြိုကောင်တာမှာ ဗြုန်းခနဲမြင်လိုက်ရသည့် ကျောပြင်တစ်ခုကြောင့် လှေခါးလက်ရန်းကိုပင် ယောင်ပြီးဆုပ်ကိုင်ထားမိလိုက်သည်။ လက်ဖျားတွေပင် ချက်ချင်း အေးစက်လာသည်ဟု ခံစားနေရသည်။

ရှည်လျားလွန်းသည့် အရပ်ကြီးနှင့် ဂျင်းဘောင်းဘီအရောင်ခပ်မှိုင်းမှိုင်း ဂျာကင်အနက်ရောင်ထူထူကို ဝတ်ဆင်ထားသူက ကျောပေါ်မှာ ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်တစ်လုံးကိုသာ လွယ်ထားပေမဲ့ ခြေထောက်နားတစ်ဝိုက်ကြမ်းပေါ်တွင်တော့ အထုတ်တွေ ခြင်းတောင်းတွေ ရှုပ်ယှက်ခတ်နေသည်။

ကိုကို။

ထွန်းနိုင် သတိလက်လွတ် လှေကားပေါ်မှ တဒုန်းဒုန်းပြေးဆင်းသွားမိပြီးမှ လှေကားခြေရင်းတွင် တုန့်ခနဲကိုယ်ရှိန်သတ်လိုက်ရသည်။ မပတ်သက်ချင်တော့ဘူးဟု ပြောခဲ့သည်မဟုတ်လား။ ပြီးတော့ ထွန်းနိုင်နဲ့ ကိုကိုလည်း တွေ့စရာဘာအကြောင်းမှ မရှိတော့တာလေ။

ထွန်းနိုင်က နောက်ပြန်လှည့်ပြီး လှေကားပေါ်ပြန်တက်ရန် ပြင်လိုက်ပေမဲ့ နောက်ကျသွားခဲ့ရသည်။

"ကိုထွန်း မနက်စာ စားပြီးပြီလား"

ဧည့်ကြိုကောင်တာမှ မသန္တာက ထွန်းနိုင်ကို လှမ်းခေါ်၍နှုတ်ဆက်လိုက်သဖြင့် ကိုကိုက လှည့်ကြည့်ရင်း တွေ့သွားခဲ့ပြီ။ ကိုကို့မျက်ခုံးတန်းထူထူတွေက အပေါ်သို့ပင့်တက်သွားကြပြီး ထွန်းနိုင်ကို အံ့ဩစွာနှင့်ကြည့်ကာ

"ဆရာလေးက..."

ထွန်းနိုင်လည်း မတတ်သာတော့ ကိုကိုရပ်နေရာ ကောင်တာသို့ လျှောက်လာခဲ့လိုက်ရတော့သည်။ မျက်နှာချင်းဆိုင်တွေ့တာတောင် မနှုတ်ဆက်တော့လည်း မကောင်းဘူးမဟုတ်လား။

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now